• Follow Us on

Home ထိုင်းလေယာဉ်ထုတ်လုပ်ရေးကဏ္ဍ ပြင်သစ်ကူညီမည်

ထိုင်းလေယာဉ်ထုတ်လုပ်ရေးကဏ္ဍ ပြင်သစ်ကူညီမည်

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

ထိုင်းနိုင်ငံရဲ့ အနာဂတ်လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြင်ဆင်ရာမှာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပြင် သစ်နိုင်ငံက ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်ဂရောင်းဂရီး ကစ်က တနင်္ဂနွေနေ့ (မတ်လ ၁၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ပြင်သစ်-ထိုင်း နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ထဲမှာဖော်ပြထားတဲ့ မူဝါဒ တွေနဲ့အညီ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မစ္စတာဆူရီယာက ပြောပါတယ်။

 

ပြင်သစ်ခရီးစဉ်အတွင်း ပဲရစ်မြို့မှာ ပြင်သစ်အရပ်ဘက်လေကြောင်းလိုင်း အထွေထွေညွှန်ကြားရေးမှူးချုပ်ရုံး အ ကြီးအကဲ ဒမီယန်ကေ့ဇ်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဝန်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားတဲ့အတွက် ထိုင်းနိုင်ငံရဲ့လေယာဉ်ထုတ်လုပ်ရေးကဏ္ဍတိုးတက်ရေး အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ လေယာဉ်ထုတ်လုပ်နိုင်မှုစွမ်းရည်မြှင့်တင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ တနင်္ဂနွေနေ့က အဓိက ဆွေးနွေးခဲ့တာဖြစ်ပြီး အနာဂတ်လိုအပ်ချက်ကို တုံ့ပြန်ဖို့အတွက် လေယာဉ်သစ်တွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်သွား ဖို့ လိုအပ်ချက်တွေ မြင့်မားနေကြောင်း မစ္စတာဆူရီယာက ပြောပါတယ်။

 

အဲဒီလိုဆောင်ရွက်ရာမှာ သယ်ယူပို့ဆောင်ရေးနဲ့ လော်ဂျစ်စတစ် အငယ်စားတွေ ပြုလုပ်နိုင်ပြီး ထောင်လိုက် တက်ဆင်းနိုင်တဲ့ အီလက်ထရစ်ဒရုန်းတွေ (eVTOL) နဲ့ မြို့ပြဒေသကို ခရီးသည်တွေနဲ့ ကုန်စည်တွေ သယ်ယူပို့ ဆောင်နိုင်တဲ့ မြို့ပြသုံးလေယာဉ်အငယ်စားတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့လည်း ပါဝင်ပါတယ်။

 

ဒါ့အပြင် လက်ရှိအချိန်ရော အနာဂတ်ကာလမှာပါ လေယာဉ်ထုတ်လုပ်ရေးနယ်ပယ်ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်နဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဆိုက်ဘာလုံခြုံရေး မြှင့်တင်မယ့်နည်းလမ်းတွေကို လည်း ဆွေးနွေးခဲ့ကြပါတယ်။

 

လုပ်ငန်းမှာ ကာဘွန်ဒိုင် အောက်ဆိုက်လျှော့ချနိုင်ရေး အထောက်အကူဖြစ်စေမယ့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ လေယာဉ်ဆီအသုံးပြုနိုင်ရေးကို ရည်ညွှန်းပြီး လေကြောင်းဆိုင်ရာဂေဟစနစ်ကိုလည်း ပူး ပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ဖို့အတွက်လည်း ပုဂ္ဂလိက ကုမ္ပဏီတွေက ကိုယ်စား လှယ်တွေနဲ့လည်း မစ္စတာဆူရီယာက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

ဆွေးနွေးခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ Airbus၊ Boeing၊ Stelia Aerospace နဲ့ Air France တို့လို လေယာဉ်ကုမ္ပဏီ ကြီးတွေနဲ့ ရထားကုမ္ပဏီကြီးတွေကို ဝန်ဆောင်မှုဆောင်ရွက်ပေးနေတဲ့ Satys ကုမ္ပဏီနဲ့လည်း ဆွေးနွေးခဲ့ပါ တယ်။

 

Satys ကုမ္ပဏီဟာ လေယာဉ်တွေနဲ့ မီးရထားတွေအတွက် ဆေးသုတ်ခြင်း၊ အင်ဂျင်နဲ့ ဆီတို်င်ကီ ဂတ်စက်လိုင်း ဆောင်ရွက်ပေးခြင်းနဲ့ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီဖြစ် ပါတယ်။

 

မစ္စတာဆူရီယာဟာ တစ်ကိုယ်ရည်အသုံးပြုဖို့နဲ့ ခရီးသည်တင်ဆောင်ဖို့ အသုံးပြုနိုင်တဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ ရဟတ်ယာဉ်တွေထုတ်လုပ်တဲ့ ဂျာမနီအခြေစိုက် Volocopter ကုမ္ပဏီက ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

 

ဒါ့အပြင် မစ္စတာဆူရီယာဟာ ကမ္ဘာ့တတိယမြောက်အကြီးဆုံး ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ CMA CGM ကုမ္ပဏီက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာဆောက်လုပ်ရေးအကြံပေးအုပ်စုဖြစ်တဲ့ Artelia ကုမ္ပဏီက ကိုယ်စားလှယ်တွေနဲ့လည်း ကုန်းတွင်းတံတားစီမံချက်အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

 

Ref: France to help aviation sector: Bangkok Post

 

#PeopleMedia


Share this post