ထိုင်းဝန်ကြီးချုပ်ကို သြဂုတ်လ ၄ ရက်နေ့မှာ ထပ်မံရွေးချယ်မည်

PUBLISHED - July 28, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၈
ဝန်ကြီးချုပ်တစ်ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ ထပ်မံရွေးချယ်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေတဲ့ ထိုင်းလွှတ်တော်က ဇူလိုင်လ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ပီတာဟာ သတင်းမီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာပါဝင်နေတဲ့အတွက် အခြေခံဥပဒေ တရားရုံးက ပီတာကို လွှတ်တော်အမတ်အဖြစ်ကနေပါ ဆိုင်းငံ့ထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ပီတာဟာ ဝန်ကြီးချုပ်ရာထူးနဲ့ အလှမ်းကွာဝေးသွားတဲ့အတွက် ရွေးကောက်ပွဲမှာ ဒုတိယရရှိခဲ့ပြီး Move Forward နဲ့ ရှစ်ပါတီမဟာမိတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဖြူထိုင်းပါတီက လာမယ့်ဝန်ကြီးချုပ်ရွေး ကောက်ပွဲမှာ ကမ်းလှမ်းမှုပြုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမယ့် တရားရုံးရဲ့ ပြန်လည်သုံးသပ်မှုကြောင့် သြဂုတ်လ ၄ ရက်နေ့ ရွေးကောက်ပွဲဟာ နှောင့်နှေး သွားနိုင်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူးရ်မာသက အစီအစဉ်မထုတ်ပြန်မီ လွှတ်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပီတာကို ဝန်ကြီးချုပ်အဖြစ်ကနေ ပိတ်ပင်ထားဖို့ အခုလ အစောပိုင်းမှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ပီတာ တင်သွင်းထားတဲ့ အသနားခံစာကို သြဂုတ်လ ၃ ရက်နေ့မှာ ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။
ပီတာတင်သွင်းထားတဲ့ အယူခံလွှာကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံသွားမယ်ဆိုပါက သြဂုတ်လ ၄ ရက်နေ့ လွှတ်တော်မဲပေးမှုကို ရွှေ့ဆိုင်းသွားမယ်လို့ ဝမ်နူးက ပြောကြားခဲ့ပါတယ်။
Ref; CNA
#PeopleMedia #နိုင်ငံတကာ