• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်ဆရက်သာ ထိပ်တန်းစီးပွားရေးခေါင်းဆောင်များနဲ့ တွေ့ဆုံ

ထိုင်းဝန်ကြီးချုပ်ဆရက်သာ ထိပ်တန်းစီးပွားရေးခေါင်းဆောင်များနဲ့ တွေ့ဆုံ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀

 

စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေပြီး တိုင်းပြည်စီးပွားရေးတိုးတက်လာအောင် အစိုးရနဲ့ စီးပွား ရေးကဏ္ဍက ဘယ်လိုကူညီဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးဖို့အတွက် ဝန်ကြီးချုပ်ဆရက်သာသာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ထင်ရှားတဲ့ကုမ္ပဏီတွေက ထိပ်တန်းအမှုဆောင်အရာရှိတွေနဲ့ သြဂုတ်လ ၂၈ ရက်နေ့က အလွတ် သဘောတွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံပွဲကို ဆိုင်းယမ်စီးပွားရေးဘဏ်ဥက္ကဋ္ဌ ဗီချစ်ဆူရာပေါင်ချိုင်၊ SCBX ကုမ္ပဏီရဲ့ CEO အာသစ်နန်သာဝီသာ ယာ၊ ချာရွန်ပေါက်ဖန်း ကုမ္ပဏီရဲ့ CEO ဆူပါချိုင်းချီယာရာဗာနန့်၊ Thai Beverage ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ CEO သာပါနာ ဆီရီဗာဒါနာဘာ့တ်ဒီ၊ WHA Corporation ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဂျာရီးပေါင်ဂျာရူကွန်ဆာကောလ်၊ ထိုင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနဲ့ ဆရီထိုင်းဆူပါဝဲကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဆာနန်အန်ကူလ်ဘိုလ်ကူလ်၊ စီအိပ်ချ်ကန် ချန်း ကုမ္ပဏီရဲ့ဥက္ကဋ္ဌ ပလူးထရီဗစ်ဗာဗတ်နဲ့ King Power Group ကုမ္ပဏီရဲ့ CEO အီယာဝတ်ဆရီဗဒ်ဒါနာပရာ ဘာတို့ပါဝင်တဲ့ ထိပ်တန်းအမှုဆောင်အရာရှိ ၈ ဦး တက်ရောက်ခဲ့ပါတယ်။

 

တွေ့ဆုံပွဲမှာ ပုဂ္ဂိလကကဏ္ဍတွေမှာ အရေးတကြီးလိုအပ်နေတဲ့အရာတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းရှင်တွေဘက်က လိုအပ်နေတဲ့ထောက်ပံ့မှုတွေအကြောင်းကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

စီးပွားရေးလုပ်ငန်းတွေကိုထောက်ပံ့ဖို့၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြှင့်တင်ဆောင်ရွက် သွားဖို့ မူဝါဒတွေအဖြစ် ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ကတိကဝတ်ပြုခဲ့တာတွေကို လက်တွေ့အကောင်အ ထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်သာက အတည်ပြုပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်နဲ့ ထိပ်တန်းကုမ္ပဏီအမှုဆောင်အရာရှိတွေဟာ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်တွေပိုမို ရရှိရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ ဆွဲဆောင်နိုင်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက် ဗီဇာစည်း မျဉ်းတွေဖြေလျှော့ရေး၊ ပြည်တွင်းစားသုံးမှုမြှင့်တင်နိုင်ရေးအတွက် စီးပွားရေးစေ့ဆော်မှုများပြုလုပ်ရေး၊ ထိုင်း ပြည်ပပို့ကုန် ဈေးကွက်မြှင့်တင်နိုင်ရေးအတွက် အစိုးရထောက်ပံ့မှုတွေ ဆက်လက်မြှင့်တင်ရေး အစရှိတဲ့ကိစ္စရပ် တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 

တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် အလားအလာကောင်းတဲ့စီးပွားရေး လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖန်တီးဖို့ ရည်ရွယ်ထားတဲ့ ရေရှည်စီမံချက်တစ်ခုဖြစ်တဲ့ အရှေ့ဖျားစီးပွားရေးလမ်း ကြောင်း (Eastern Economic Corridor- EEC) မှာ ရင်းနှီးမြှုပ်နှံရေးထောက်ပံ့သွားဖို့ ဝန်ကြီးချုပ်ဆရက်သာက အတည်ပြုပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် လယ်ယာထွက်ကုန်တွေအပေါ် ထိခိုက်မှုရှိခဲ့တဲ့ မိုးခေါင်မှုဒဏ်ခံခဲ့ရတဲ့ လယ်သမားတွေကို ကူညီ ထောက်ပံ့ဖို့အတွက် လိုအပ်တာတွေကိုလည်း အစိုးရက စတင်ဆောင်ရွက်ပေးမှာဖြစ်တယ်လု့ိ ဆိုပါတယ်။

 

မိုးခေါင်မှုဒဏ်ခံရတဲ့လယ်သမားတွေ သက်သာစေဖို့အတွက် ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ရေအရင်းအမြစ်အသစ်တွေရှာဖွေခြင်းတို့လို အရေးပေါ်လုပ်ငန်းတွေဆောင်ရွက်ဖို့လည်း ထောက်ခံပြောဆိုခဲ့ တယ်လို့ဆိုပါတယ်။

 

အဲဒီလိုဆောင်ရွက်မှုတွေဟာ မိုးခေါင်မှုဒဏ်ခံစားနေရတဲ့ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ပါ ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။

 

၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေထုတ်ပြန်ဖို့ နောက်ကျခဲ့တာကြောင့် အစိုးရအနေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၈ လစီမံချက် ဘတ်ဂျက်အသုံး ပြုရေးအတွက် ဦးစီးဌာနအသီးသီးနဲ့ ပေါင်းစပ်ညှိနှိုင်းနေကြောင်းလည်း ဆရက်သာက ကြေညာခဲ့ပါတယ်။

 

Ref: PM meets with business leaders

 

#PeopleMedia


Share this post