• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်ပေထောင်တန် Google ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမည်

ထိုင်းဝန်ကြီးချုပ်ပေထောင်တန် Google ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

 

ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ဟာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ အမေရိကန်အခြေစိုက် နည်း ပညာကုမ္ပဏီကြီးဖြစ်တဲ့ Alphabet Inc ကုမ္ပဏီနဲ့ Google ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ်ဖြစ်သူ ရစ်ပေါရက်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရေး တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

 

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီမှာ စတင်မယ့် တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံမှာ ဒစ်ဂျစ်တယ် အ ခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Google ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ဆွေးနွေးသွား မှာဖြစ်ကြောင်း အစိုးရအိမ်တော်က ကြေညာပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဟာ ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် ရစ်ပေါရက်ကို အိမ်ရှင်အဖြစ်လည်း လက်ခံတွေ့ ဆုံသွားမှာဖြစ်ပါတယ်။

 

Google ကုမ္ပဏီဟာ ထိုင်းနိုင်ငံထဲမှာ ဒေသတွင်း ဒေတာစင်တာတစ်ခု တည်ဆောက်သွားမှာဖြစ်ပြီး AI နည်း ပညာ၊ Cloud နည်းပညာနဲ့ တခြားဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေကို ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားပေး ဖို့ အစောပိုင်းကတည်းက ကြေညာထားပြီးသားဖြစ်ပါတယ်။

 

အဲဒီအစီအစဉ်ထဲမှာ ထိုင်းနိုင်ငံ လုပ်သားအင်အားစုရဲ့ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုကို မြှင့်တင်သွားဖို့အ တွက် လေ့ကျင့်သင်ကြားပေးရေးလည်း ပါဝင်ပါတယ်။

 

၂၀၃၀ ပြည့်နှစ်မတိုင်ခင် ဆောင်ရွက်သွားမယ့် ဒီအစီအစဉ်ကို ဒေါ်လာ ၄.၁ ဘီလျံ (ဘတ်ငွေ ဘီလျံ ၁၅၀) နဲ့ လည်ပတ်ဆောင်ရွက်သွားမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၅၀,၃၀၀ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

 

ဒီအစီအစဉ်ကို ဒစ်ဂျစ်တယ်စီးပွားရေးနိုင်ငံတစ်ခုဖြစ်လာအောင် ကြိုးပမ်းမယ့် ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်တွေ ကို အကောင်အထည်ဖော်နိုင်အောင် မောင်းနှင်ပေးမယ့် တွန်းအားအဖြစ်လည်း မျှော်လင့်ထားပါတယ်။

 

Ref: PM to meet with Google president

 

#PeopleMedia


Share this post