• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ် ထောက်ခံမဲအများစုနဲ့ အယုံအကြည်မရှိအဆိုကို အောင်မြင်စွာကျော်လွှားနိုင်

ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ် ထောက်ခံမဲအများစုနဲ့ အယုံအကြည်မရှိအဆိုကို အောင်မြင်စွာကျော်လွှားနိုင်

Share this post

နိုင်ငံတကာ၊ မတ် ၂၆

 

ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ကို အတိုက်အခံပါတီက အယုံအကြည်မရှိအဆိုတင်သွင်းပြီးနောက် မဲခွဲဆုံး ဖြတ်ခဲ့ရာ ဝန်ကြီးချုပ်ဘက်က ထောက်ခံမဲအများစုရရှိခဲ့ပြီး အယုံအကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့ပါတယ်။

 

လွှတ်တော်ထဲမှာ အပြန်အလှန် စွပ်စွဲငြင်းခုန်ပြီးနောက် အယုံအကြည်မရှိ အဆိုတင်သွင်းမှုအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲ၊ ကြားနေမဲ ၇ မဲနဲ့ ပေထောင်တန် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ပေထာင်တန်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်တဲ့အတွေံအကြုံအရည်အချင်းနည်းပါးပြီး စွမ်းဆောင်ရည် ထိရောက်မှုမရှိ ကြောင်း အတိုက်အခံတွေက စွပ်စွဲပြီး အဆိုတင်သွင်းတာဖြစ်ပါတယ်။

 

နှစ်ရက်ကြာ စွပ်စွဲငြင်းခုန်ခဲ့ပြီးနောက်မှာ အတိုက်အခံပါတီက ပေထောင်တန်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး အခုလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

၂၀၂၄ ခုနှစ် စက်တင်ဘာက ဝန်ကြီးချုပ်ရာထူးလက်ခံရရှိခဲ့တဲ့ ပေထောင်တန်ဟာ ပထမဆုံးအကြိမ်အဖြစ် အယုံအ ကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ခံရပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်ပြီးနောက် ၎င်းကိုထောက်ခံမဲပေးခဲ့သူအားလုံးကို ပေထောင်တန်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

 

Ref: Paetongtarn smoothly sails through no-confidence vote: 319–162

 

#PeopleMedia


Share this post