• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်ပေထောင်တန် မယ်ဆိုင်ဒေသကို လာရောက်ကြည့်ရှုပြီး ကူညီဆောင်ရွက်နေသူအားလုံးကို ကျေးဇူးတင်စကားပြော

ထိုင်းဝန်ကြီးချုပ်ပေထောင်တန် မယ်ဆိုင်ဒေသကို လာရောက်ကြည့်ရှုပြီး ကူညီဆောင်ရွက်နေသူအားလုံးကို ကျေးဇူးတင်စကားပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်က ရေဘေးဒဏ်သင့် ချင်းရိုင်ပြည်နယ် မဲဆိုင်ခရိုင်ခရီးစဉ်မှာ “ယာဂီ” တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို လိုက်လံစစ်ဆေးကြည့်ရှုနေစဉ်အတွင်း ရေဘေးသင့်ပြည်သူ တွေကို ကူညီဆောင်ရွက်နေသူတွေကို ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။

 

လိုအပ်သူတွေကို ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ဝန်ကြီးချုပ်ပေထောင်တန်က ကျေးဇူးတင်းစကားပြော ဆိုလိုက်သလို အဲဒီစေတနာ့ဝန်ထမ်းတွေရဲ့ ကြိုးစားမှုနဲ့ စွန့်လွှတ်မှုကို ထိုင်းဘုရင်မင်းမြတ်ကလည်း ကျေးဇူး တင်စကားပြောကြားကြောင်း ၎င်းက ပြောပါတယ်။

 

နေရာတချို့မှာ ပိတ်မိနေတဲ့သူတွေ၊ ရိက္ခာပြတ်လတ်နေတဲ့သူတွေကို ကူညီဖို့အတွက် တပ်မတော်သားတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားကြောင်း ထိုင်းတပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။

 

တချို့နေရာတွေကို သွားရောက်ကူညီဖို့အတွက် ရေပေါ်ရှပ်ပြေးယာဉ်တို့၊ ရဟတ်ယာဉ်တို့နဲ့ သွားရောက်မှသာ ရောက်ရှိနိုင်ပြီး ကျွမ်းကျင်စွာမောင်းနှင်နိုင်တဲ့သူတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ တချို့ဝေးလံခေါင်ဖျားဒေသတွေမှာ သောင်တင်နေတဲ့ ပြည်သူ ၃၀၀ ဝန်းကျင်လောက်ကို ကူညီဖို့အတွက် ထိုင်းရေတပ်ကလည်း ကမ်းထိုးရေယာဉ်တွေကို အသုံးပြုနေတယ်လု့ိဆိုပါတယ်။

 

ခရီးစဉ်အတွင်း မစ္စပေထောင်တန်ဟာ ဆိုင်းမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို သွားရောက်ခဲ့ပါတယ်။

 

ရေ တဖြည်းဖြည်း ပြန်ကျသွားပေမဲ့လည်း ရွှံ့နွံတွေ၊ အပျက်အစီးပုံတွေ ကျန်ရှိနေသေးတဲ့အတွက် နယ်စပ်ဒေ သ စီးပွားရေးဇုံကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 

ဝန်ကြီးချုပ်ဟာ ဒေသခံတွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့ပြောသမျှ နားထောင်ကာ ပွေ့ဖက်အားပေး ခဲ့ပါတယ်။

 

ဒေသခံတစ်ဦးကတော့ “ဝန်ကြီးချုပ်က ပွေ့ဖက်အားပေးလိုက်ရုံကလေးနဲ့ကို လုံလောက်နေပါပြီ။” လို့ ပြောပါတယ်။

 

“အခုလိုစကားကြားလိုက်ရတာ ကျွန်မအတွက် ခွန်အားဖြစ်စေပါတယ်။ ကျွန်မ အလုပ်ပြန်လုပ်တာနဲ့ ပြည်သူ တွေအတွက် ဘယ်လိုလျော်ကြေးပေးရမလဲဆိုတာကို ချက်ချင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ပြောပါ တယ်။

 

“သူတို့ကို မေ့မသွားပါနဲ့” လို့ ဒေသခံတချို့ကပြောတဲ့အခါ ဝန်ကြီးချုပ်က “ကျွန်မ ပြည်သူတွေကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။” လို့ ပေထောင်တန်က ပြန်ပြောခဲ့ပါတယ်။

 

ဒေသခံပြည်သူတွေ ပြန်လည်ထူထောင်ဖို့ အစိုးရက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ကတိပေး ပြော ဆိုရင်း ဆုံးရှုံးမှုတွေရှိပေမဲ့လည်း “ဆက်လက်တိုက်ပွဲဝင်ဖို့ အသက်ရှင်ကျန်ရစ်ခဲ့သလို ခွန်အားတွေလည်း ရှိနေ ဆဲ” ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ခရီးစဉ်အပြီးမှာ အချိန်ကိုက်ဝင်ရောက်ကူညီကြတဲ့ အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုလိုက်ပြီး ရေမြင့်တက်မှု တဖြည်းဖြည်း ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်းလည်း အာဏာပိုင်တွေက သ တင်းပို့ထားပါတယ်။

 

Ref: Paetongtarn visits flood-hit Mae Sai, pledges support for recovery (The Nation)

 

#PeopleMedia


Share this post