• Follow Us on

Home ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ပေထောင်တန်ကို အမည်စာရင်းတင်သွင်းမည်

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ပေထောင်တန်ကို အမည်စာရင်းတင်သွင်းမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံဖို့အတွက် ဖီယူထိုင်းပါတီရဲ့ခေါင်းဆောင် ပေ ထောင်တန် ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ ဖီယူထိုင်းပါတီက ကြာသပ တေးနေ့ (သြ ဂုတ်လ ၁၅ ရက်နေ့) က ရွေးချယ်လိုက်ပါတယ်။

 

သြဂုတ်လ ၁၄ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ရာထူးက ဖြုတ်ချလိုက်ပြီးနောက် ဖီယူ ထိုင်းပါတီက ၎င်းတို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို အခုလို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

 

တရားရုံးဆုံးဖြတ်ချက် မချခင်ကတည်းက ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ပြုတ်ကျတော့မယ့် အခြေအနေကို ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာက ရိပ်စားမိခဲ့ပုံရတယ်လို့ The Nation က ရေးသားပါတယ်။

 

သြဂုတ်လ ၁၃ ရက်နေ့မှာ သက်ဆင်ဟာ ၎င်းသမီးကိုယ်စား Shinawatra Tower 3 ကိုသွားရောက်ပြီး ဖီယူ ထိုင်းပါတီလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေနွေးပွဲမှာ သက်ဆင်က “ကျွန်တော် ပြည်သူတွေထံသွားရောက်လည်ပတ်ပြီး ကျေးဇူးတင်စကားပြောပါဦးမယ်။ ပြီးတော့ ကျွန်တော်နဲ့တူတဲ့ ပါတီခေါင်းဆောင်ကိုလည်း အကူအညီပေးဖို့ပြောပါဦးမယ်။” လို့ ပြောခဲ့ကြောင်း The Nation က ရေးသားပါတယ်။

 

သြဂုတ်လ ၁၄ ရက်နေ့မှာ ဝန်ကြီးချုပ်လောင်းအဖြစ် ချိုင်းကာဆန်နီတီဆရီကို အမည်စာရင်းတင်သွင်းဖို့ ညွန့် ပေါင်းပါတီတွေက သဘောတူထောက်ခံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

 

ဒါပေမဲ့ နောက်နေ့ (သြဂုတ်လ ၁၅ ရက်နေ့) မှာတော့ ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တွေရဲ့အပြောင်းအလဲ ကို မြင်ကြရပြီး ချိုင်းကာဆန်အစား ပေထောင်တန်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ ဆုံး ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ချိုင်းကာဆန်ကို အမည်စာရင်းတင်သွင်းမယ့်ကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း ကနဦးမှာ ဖုန်ဂျိုင်ထိုင်းပါတီခေါင်း ဆောင် အနူတင်ချန်းဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ နောက်ပိုင်းမှာ ညွှန့်ပေါင်းပါတီတွေက ဖီယူထိုင်းပါတီက အမည်စာရင်းတင်သွင်းမယ့် ဝန်ကြီးချုပ်လောင်း ဟာ ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်မယ့်အဆိုပြုချက်ကို မထောက်ခံတဲ့သူဖြစ်ဖို့ လိုကြောင်း ပြောပါတယ်။

 

ချိုင်းကာဆန်နီတီဆရီဟာ ပုဒ်မ ၁၁၂ ပြင်ဆင်မယ့်အဆိုပြုချက်ကို ထောက်ခံခဲ့သူတစ်ဦးဖြစ်တယ်လို့ဆိုပါ တယ်။

 

Ref: All in the family: Paetongtarn likely to become Prime Minister

 

#PeopleMedia


Share this post