• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်သက်ဆင် ပြည်တော်ဝင်ပြီ

ထိုင်းဝန်ကြီးချုပ်သက်ဆင် ပြည်တော်ဝင်ပြီ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာဟာ နှစ်ပေါင်းများစွာ ပြည်ပြေးဘဝနဲ့ နိုင်ငံခြားမှာနေထိုင်ခဲ့ပြီး နောက် သြဂုတ်လ ၂၂ ရက်နေ့ (အင်္ဂါနေ့) က ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းနဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ဒွန်မောင်းလေဆိပ် ကိုရောက်ရှိလာခဲ့ပြီးနောက် ၎င်းမိသားစုနဲ့အတူ သက်ဆင်ထောက်ခံသူတွေနဲ့ မီဒီယာတွေကို လေဆိပ်ထဲမှာပဲ နှုတ်ဆက်ခဲ့ပါတယ်။

 

သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်ကစပြီး ပြည်ပနိုင်ငံကို ထွက်သွားခဲ့တာဖြစ်ပါတယ်။

 

သက်ဆင်ဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်ရဖွယ်ရှိတဲ့ ပြစ်မှုပေါင်းများစွာနဲ့လည်း တရားစွဲဆိုခံထားရတဲ့ သူဖြစ်ပါတယ်။

 

သက်ဆင်ကို ဥပဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ပနိုင်ငံကနေ ထိုင်းနိုင်ငံကိုရောက်ရှိလာတာနဲ့ ထောင်ထဲကို ခေါ်သွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဝိဆာနုကရီငမ်က အစောပိုင်းကပြောကြားခဲ့ပါတယ်။

 

အင်္ဂါနေ့ညနေပိုင်းမှာ ထိုင်းလွှတ်တော်ထဲမှာ ဝန်ကြီးချုပ်ရွေးချယ်ပွဲကျင်းပသွားမှာဖြစ်ပြီး ဖီယူထိုင်းပါတီက အိမ် ခြံမြေလုပ်ငန်းရှင် ဆရက်သာသာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပါတယ်။

 

အစိုးရသစ်ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့ ဖီယူထိုင်းပါတီဟာ သက်ဆင်ရှင်နာဝပ်ထရာနဲ့ ဆက်နွယ်တဲ့ပါတီဖြစ်ပါ တယ်။

 

သက်ဆင်ရဲ့ပြည်တော်ပြန်ခရီးဟာ မိသားစုတွေ့ဆုံဖို့ ပြန်လာတာဖြစ်ပြီး ဖီယူထိုင်းပါတီနဲ့ရော ဝန်ကြီးချုပ်ရွေး ချယ်ပွဲနဲ့ရော ဘာမှမပတ်သက်ဘူးလို့ သက်ဆင်ကရော ဖီယူထိုင်းပါတီကပါ ပြောပါတယ်။

 

Ref: Thailand’s former PM Thaksin returns home

 

#PeopleMedia


Share this post