• Follow Us on

Home ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲ ဇူလိုင်လ ၂၇ ရက်နေ့ ထပ်မံကျင်းပမည်

ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲ ဇူလိုင်လ ၂၇ ရက်နေ့ ထပ်မံကျင်းပမည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၀

 

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်ပေါင်း ထပ်မံကျင်းပမယ့် ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲ ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၉ နာရီခွဲမှာကျင်းပသွားမှာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမက် နော်မာသာက ဇူလိုင်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

 

ဝန်ကြီးချုပ်အရည်အချင်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်မှုတွေကို ညနေ ၅ နာရီအပြီးဆောင် ရွက်ပြီးနောက် ပါတီတွေကတင်လာတဲ့ ဝန်ကြီးချုပ်လောင်းတွေရွေးချယ်ပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအမည်စာရင်းခေါ်ပြီး ထောက်ခံမဲ/ကန့်ကွက်မဲတောင်းခံသွားမှာဖြစ်ကြောင်း ၎င်း က ပြောပါတယ်။

 

အမည်စာရင်းထပ်မံတင်သွင်းတာနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ရာမှာ ၃၉၄ မဲ၊ ၃၁၂ မဲနဲ့ ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်စည်းမျဉ်း ၄၁ အရ Move Forward ပါတီခေါင်းဆောင် ပီတာလင်း ဂျားရင်းနတ်ကို အမည်စာရင်းထပ်မံတင်သွင်းလို့မရတော့ကြောင်း ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်လောင်းအဖြစ် ဘယ်နှယောက်အမည်စာရင်းတင်သွင်းမယ်ဆိုတာကို မသိရသေးကြောင်း၊ အနိုင်ရ မယ့်ဝန်ကြီးချုပ်လောင်းဟာ အောက်လွှတ်တော်အမတ်တွေနဲ့ အထက်လွှတ်တော်အမတ်တွေဆီက မဲအရေအ တါက် ၃၇၄ မဲကျော် ရရှိရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ Move Forward ပါတီက အစိုးရသစ်ဖွဲ့စည်းဖို့အတွက် ၎င်းတို့အနေနဲ့ ဘေးဖယ်ပေးလိုက်ပါပြီ လို့ တရားဝင်ကြေညာချက်မထုတ်မချင်း အစိုးရသစ်ဖွဲ့စည်းဖို့ကိစ္စကို ဖီယူထိုင်းပါတီအနေနဲ့ အလောတကြီး ဆောင်ရွက်မှာမဟုတ်ကြောင်း ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကောက ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့က ပီတာရှုံးနိမ့်ပြီးသွားတဲ့နောက်မှာ ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ပါတီနှစ်ရပ်အနေ နဲ့ တွေ့ဆုံဆွေးနွေးဖို့လိုအပ်ကြောင်းကိုလည်း ချိုနန်ဆရီကောက ပြောပါတယ်။

 

Ref: Parliament to meet again July 27th to select prime minister: Thai PBS

 

#PeopleMedia


Share this post