• Follow Us on

Home ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်ပြန်ပို့ဖို့ ဝန်ကြီးချုပ်ထံ တိုင်တန်းလွှာပေးပို့

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်ပြန်ပို့ဖို့ ဝန်ကြီးချုပ်ထံ တိုင်တန်းလွှာပေးပို့

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ၎င်းဆေးဝါးကုသမှုခံယူနေတဲ့ဆေးရုံ ကနေ အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ဖို့ ထိုင်းဝန်ကြီးချုပ်ထံကို နိုင်ငံရေးကွန်ရက်တစ်ခုက တိုင်တန်းလွှာ တစ်စောင် စက်တင်ဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပေးပို့ခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ပြစ်ဒဏ်စပြီးချမှတ်ခံရတဲ့နေ့ ညပိုင်းကတည်းက အဲဒီဆေးရုံမှာ ရောက်ရှိနေ တာဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

 

ကျန်းမာရေးအခြေအနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ ပြောထားတဲ့ သက်ဆင်ဟာ အဲဒီ ဆေးရုံမှာရောက်နေတာ ၂၃ ရက်ကြာမြင့်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံပြန်လည်ပြုပြင်ရေး ကျောင်းသားများနဲ့ ပြည်သူများကွန်ရက် ခေါင်းဆောင် ဖိချစ်ချိုင်းမောင်းကိုးလ်က ပြောပါတယ်။

 

“သက်ဆင် အမှန်တကယ်နေမကောင်းဖြစ်နေတယ်လို့ ကျွန်တော်တို့နဲ့ ထိုင်းပြည်သူအများအပြားက မယုံကြည် ပါဘူး။ နေမကောင်းဘူးဆိုတာ ထောင်ထဲမှာမနေရဘဲ အပြင်မှာနေရအောင်လုပ်ထားတဲ့ အကြောင်းပြချက်တစ် ခုသက်သက်ပါပဲ။ သူက ထောင်ထဲမှာရှိနေရမှာပါ။ သူ့ကို ထောင်ထဲ ချက်ချင်းပြန်ပို့ဖို့ ကျွန်တော်တို့တောင်းဆိုပါ တယ်။” လို့ ဖိချစ်က ပြောပါတယ်။

 

သက်ဆင်ရဲ့ရောဂါဝေဒနာတွေအတွက် ဆရာဝန်တွေအနီးကပ်ပြုစုစောင့်ရှောက်ဖို့ လိုတယ်ဆိုပြီး သက်ဆင်ကို တရားရေးဌာန အကျဉ်းထောင်ကနေ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

 

ထိုင်းဘုရင်မင်းမြတ်က သက်ဆင်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တဲ့အတွက် သက်ဆင်ကျခံရမယ့်ထောင်ဒဏ် ၈ နှစ်အစား ၁ နှစ်သာကျခံရတော့မှာဖြစ်ပါတယ်။

 

ဖိချစ်ဟာ အစိုးရအိမ်တော် တိုင်တန်းလွှာပေးပို့ရေးဌာနကို တိုင်တန်းလွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

 

တခြားနိုင်ငံတွေကိုထွက်ပြေးသွားတဲ့ နိုင်ငံရေးပြစ်မှုကျူးလွန်ထားသူတွေကိုလည်း ထိုင်းနိုင်ငံတွင်းမှာ ထောင် ဒဏ်အပြစ်ပေးနိုင်အောင်လို့ ပြန်လည်ခေါ်ယူဖို့လည်း ဖိချစ်က ဝန်ကြီးချုပ်ကိုတောင်းဆိုထားပါတယ်။

 

Ref: Petition submitted to PM to have Thaksin returned to prison

 

#PeopleMedia


Share this post