• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်အနေနဲ့ နိုင်ငံတွင်းပြန်ဝင်လာရင် ထောင်ဒဏ်ကျခံရမှာဖြစ်ကြောင်း တရားရေးဝန်ကြီးပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်အနေနဲ့ နိုင်ငံတွင်းပြန်ဝင်လာရင် ထောင်ဒဏ်ကျခံရမှာဖြစ်ကြောင်း တရားရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

ဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ် ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် ၎င်းအနေနဲ့ အကျဉ်းထောင်ပြင် ပမှာ နေထိုင်ခွင့်ရရှိမှာမဟုတ်ကြောင်း တရားရေးဝန်ကြီးတာဝီးဆတ်ဆောင်းက ဇန်နဝါရီ ၇ ရက်နေ့ (အင်္ဂါနေ့) က ပြော ကြားလိုက်ပါတယ်။

 

မကြာခင်ထွက်ပေါ်လာမယ့် ပြင်ဆင်ထားတဲ့အကျဉ်းထောင်ဖမ်းဆီးမှုစီမံကိန်း စံနှုန်းသတ်မှတ်ချက်အသစ်တွေနဲ့ ကိုက် ညီမှုမရှိတဲ့အတွက် ယဉ်လတ်အနေနဲ့ အကျဉ်းထောင်ပြင်ပမှာ နေထိုင်ခွင့်မရှိတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ယဉ်လတ်ဟာ ၂၀၁၇ ခုနှစ်က ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး အကျဉ်းဦးစီးဌာနက အသစ်ပြဋ္ဌာန်း လိုက်တဲ့ ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းသစ်တွေအရ ထောင်ဒဏ် ၄ နှစ်နဲ့ အထက် မကျော်လွန်တဲ့သူ တွေမှသာ စီမံကိန်းအသစ်ကချမှတ်ထားတဲ့ ခံစားခွင့်တွေနဲ့ အကျုံးဝင်မှာ ဖြစ်ကြောင်း မစ္စတာတာဝီးက ပြောပါတယ်။

 

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆာဟာခန်းဖတ်နာရင်းက ဒီကိစ္စကိုပြောဆိုလိုက်ပြီးနောက်မှာ တရားရေးဝန်ကြီး ရဲမှူးကြီးတာဝီးက ထပ်မံပြောဆိုလိုက်တာဖြစ်ပါတယ်။

 

အသက် ၅၇ နှစ်အရွယ် ယဉ်လတ်ဟာ ၎င်းဝန်ကြီးချုပ်အဖြစ်အုပ်ချုပ်စဉ်ကာလမှာ စပါးဝယ်ယူရေးအစီအစဉ်မှာ နိုင်ငံ အတွက် ဘတ်ငွေ ဘီလျံ ၅၀၀ ဝန်းကျင်ဆုံးရှုံးခဲ့တဲ့ အကျင့်ပျက်ခြစားမှုကို မတားဆီးနိုင်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တရားရုံးချုပ်က စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က မျက်ကွယ်မှာ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

 

ယဉ်လတ်ဟာ အဲဒီအချိန်ကတည်းက ပြည်ပနိုင်ငံမှာ နေထိုင်နေတာဖြစ်ပါတယ်။

 

ယဉ်လတ်အနေနဲ့ အသနားခံစာတင်လို့ ထောင်ဒဏ်ငါးနှစ်ကနေ ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်တဲ့အချိန်မျိုးမှာရော အဲဒီ စံနှုန်းအသစ်သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်သွားမှာလားလို့ မေးမြန်းတဲ့အခါ တရားရေးဝန်ကြီးက ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

 

ထိုင်းနိုင်ငံထဲက အကျဉ်းထောင်အများစုဟာ သက်တမ်းနှစ်ပေါင်း ၉၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး အဲဒီအထဲက အကျဉ်း ထောင် ၅၀ ဝန်းကျင်ဟာ အခြေအနေအလွန်ဆိုးရွားနေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာအကျဉ်းဦးစီးဌာန စံနှုှုန်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

လက်ရှိအရည်အသွေးညံ့ဖျင်းတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ အများအပြားပြည့်ကျပ်နေပေမဲ့ ဘတ်ဂျက် အခက်အခဲကြောင့် တစ်နှစ်ကို အကျဉ်းထောင်အသစ်တစ်ခုသာ တည်ဆောက်နိုင်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

“တခြားနိုင်ငံ လေးငါးနိုင်ငံကလည်း အလားတူစနစ်တွေကို လက်ခံကျင့်သုံးခဲ့ပြီး ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အကျဉ်းထောင်ပြင်ပမှာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ နှစ်စေ့အောင် ပြစ်ဒဏ်ကျခံရ တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် ပြစ်မှုပြန်လည်ကျူးလွန်တဲ့ရာခိုင်နှုန်း နည်းပါးတာကိုတွေ့ရကြောင်း မကြာသေးခင်က ထိုင်းနိုင်ငံ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 

Ref: Jail only option for ex-Thai PM Yingluck

 

#PeopleMedia


Share this post