• Follow Us on

Home ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လိုက်ပါလာတဲ့ လေယာဉ် ဘန်ကောက်မြို့ကို ရောက်ရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လိုက်ပါလာတဲ့ လေယာဉ် ဘန်ကောက်မြို့ကို ရောက်ရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဒီနေ့ မနက်ပိုင်းက ဘန်းကောက်မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိခဲ့ပြီး ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီးနောက် နိုင်ငံအတွင်းကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

 

ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai PBS က သက်ဆင်လိုက်ပါလာတဲ့ လေယာဉ်ဟာ နံနက် ၉ နာရီ (၀၂၀၀ ဂရင်းနစ်စံတော်ချိန်) က ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်။

 

၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရတဲ့ သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာစဉ် ထိုင်းဘုရင်ရဲ့ ပုံတူကို ဦးညွှတ်အလေးပြုခဲ့ပါတယ်။

 

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ ဘုရင် မဟာဝိဇယလောင်ကွန်းအား အလေးပြုကာ ဒွန်မောင်း လေဆိပ်ကို ရောက်ရှိလာတဲ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေကို လက်ဝှေ့ယမ်းကာ နှုတ်ခွန်းဆက်စကားပြော ကြားခဲ့ပါတယ်။

 

ref;AFP

 

#PeopleMedia


Share this post