ထိုင်းသစ်သီးတွေ ပိုမိုအဆင်ပြေချောမွေ့စွာပို့ဆောင်နိုင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဆိပ်ကမ်းစစ်ဆေးရေး ဂိတ်သစ်တစ်ခု ဖွင့်လှစ်ပေး
PUBLISHED - August 6, 2024
နိုင်ငံတကာ၊ သြဂုတ် ၆
ထိုင်းပြည်ပပို့ကုန်တင်ပို့သူတွေ မြစ်ကြောင်းလမ်းတစ်လျှောက် သစ်သီးတွေ ပိုမိုအဆင်ပြေချောမွေ့စွာ တင်ပို့နိုင် ဖို့အတွက် ယူနန်ပြည်နယ်မှာ မဲခေါင်ဆိပ်ကမ်းတစ်ခုမှာ စစ်ဆေးရေးဂိတ်အသစ်တစ်ခုကို တရုတ်နိုင်ငံက ဖွင့် လှစ်လိုက်ကြောင်း ထိုင်းထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့ (သြဂုတ်လ ၅ ရက်နေ့) က ပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာန (GACC) ဟာ ဇူလိုင်လ ၂၉ ရက်နေ့က စပြီး ယူနန် ပြည်နယ် စစ်ဆောင်ပန္နားခရိုင်က ကွမ်းလိကောင်းဆိပ်ကမ်းမှာ သစ်သီးစစ်ဆေးရေးဆိပ်ကမ်းသစ် တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ရာပီးပတ်ချမ်းသာရာဆရီဝေါင်းက ပြော ပါတယ်။
စစ်ဆေးရေးဂိတ်အသစ်ဖွင့်လှစ်လို်က်တာကြောင့် ထိုင်းကုန်သည်တွေဟာ သစ်သီးတွေကို ထိုင်းနိုင်ငံ ချင်းရိုင် ပြည်နယ် ချင်းဆာယိုင်စစ်ဆေးရေးဂိတ်က တစ်ဆင့် ကွမ်းလိကောင်းဆိပ်ကမ်းကို တိုက်ရိုက်တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး သာမာနတ်ပရုမ်ပေါတို့ရဲ့ စေ့စပ်ညှိနှိုင်းမှု ကြောင့် အခုလို စစ်ဆေးရေးဂိတ်သစ်တစ်ခုကို တရုတ်ဘက်က ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း ညွှန်ချုပ် ရာပီး ပတ်က ပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ ရှန်ဆီးပြည်နယ် စီအန်းမှာ GACC နဲ့ ထိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပခဲ့တဲ့ သန့်ရှင်းရေးနဲ့ အပင်သန့်ရှင်းရေး ဆောင်ရွက်မှုမှုဆိုင်ရာ ၈ ကြိမ်မြောက် ပူးတွဲနည်းပညာကော်မတီအစည်းအဝေးတက်ရောက်စဉ်အတွင်း အခုလို စစ်ဆေးရေးဂိတ် အ သစ်ဖွင့်လှစ်မယ့်သတင်းကို ကြားခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အဆိုပါကော်မတီအစည်းအဝေး သဘောတူညီချက်ကြောင့် ထိုင်းကုန်သည်တွေဟာ ၎င်းတို့သစ်သီးတွေကို ပိုမို အဆင်ပြေချောမွေ့စွာ ပို့ဆောင်လာနိုင်မှာဖြစ်ကြောင်း ညွှန်ချုပ်ရာပီးပတ်က ပြောပါတယ်။
Ref: China opens new checkpoint in Yunnan for fruit from Thailand
#PeopleMedia