• Follow Us on
Latest News

Home ထိုင်းသံအမတ်ဟောင်းသတ်မှုမှာ သံသယတရားခံဖြစ်တဲ့ မြန်မာလူငယ် မြန်မာနိုင်ငံကို ပြန်လည်ထွက်ပြေး သွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ပြော

ထိုင်းသံအမတ်ဟောင်းသတ်မှုမှာ သံသယတရားခံဖြစ်တဲ့ မြန်မာလူငယ် မြန်မာနိုင်ငံကို ပြန်လည်ထွက်ပြေး သွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချတ်တူချက်ခရိုင်က နေအိမ် ရေချိုးခန်းထဲမှာ အသက် ၆၇ နှစ်အရွယ်ရှိ ဒိန်းမတ် နိုင်ငံဆိုင်ရာထိုင်းသံအမတ်ဟောင်းရဲ့အလောင်းကို တွေ့ရှိခဲ့ပြီးနောက် လူသတ်သမားလို့ ယူဆရတဲ့ မြန်မာနိုင်ငံ သား လူငယ်တစ်ဦးဟာ မြန်မာနိုင်ငံဘက်ကို ပြန်လည်ထွက်ပြေးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက် ပါတယ်။

 

အသက် ၁၉ နှစ်အရွယ် စိုင်းမြတ်မိုးအမည်ရှိ မြန်မာနိုင်ငံသားလူငယ်ဟာ တစ်ဦးတည်းသော သံသယဖြစ်ဖွယ် ရာပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

စိုင်းမြတ်မိုးဟာ သေဆုံးသူသံအမတ်ဟောင်းရဲ့ နေအိမ်ကို စက်တင်ဘာလ ၂၅ ရက်နေ့နဲ့ ၂၇ ရက်နေ့ကြား မနက် ၉ နာရီမတိုင်ခင်မှာ သုံးကြိမ်ထက်မနည်း အဝင်အထွက်ရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ၎င်းတို့နှစ်ဦး အိမ်ထဲမှာ လုံးထွေးသတ်ပုတ်ခဲ့တာကို CCTV မှတ်တမ်းတွေအရ သိရကြောင်း ရဲတပ်ဖွ့ဲက ပြော ပါတယ်။

 

အိမ်ထဲက ပထမထပ်နဲ့ ဒုတိယထပ်တွေမှာ စိုင်းမြတ်မိုးက ထိုင်းသံအမတ်ဟောင်းကို ဓားနဲ့ ထိုးခဲ့ကြောင်း သိရ ပါတယ်။

 

အဆိုပါ မြန်မာလူငယ်ဟာ ထိုင်းသံအမတ်ဟောင်းရဲ့ iPad နဲ့ စမတ်ဖုန်းကို ယူဆောင်ကာ အိမ်ထဲကထွက်သွား ပြီးနောက် အမှတ် ၂၀ ဆွိုင်းဗစ်ဟာဗဒီလမ်းပေါ်က စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ တက္ကစီတစ်စီးကို တားစီးပြီး ဗစ် ဟာဗဒီလမ်းဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

 

စက်တင်ဘာလ ၂၈ ရက်နေ့ မနက် ၃ နာရီ ၂၂ မိနစ်မှာ စိုင်းမြတ်မိုးဟာ သံအမတ်ဟောင်းရဲ့ iPad ထဲက ဘတ် ငွေ ၂၂၀၀၀ ကို ထုတ်ယူခဲ့သလို ATM ကတ်ထဲက ဘတ်ငွေ ၃၄၂၀၀ ကို ထုတ်ယူဖို့အတွက် နန်ထာဘူရီပြည် နယ်ထဲမှာ တစ်ကြိမ်၊ လတ်ဖရိုခရိုင်ထဲမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် စမတ်ဖုန်းကိုအသုံးပြုပြီး စကင်ဖတ်ခဲ့ပါ တယ်။

 

အဲဒီနောက် သံသယတရားခံဟာ မိုချစ်ဘတ်စ်ကားဂိတ်ကိုထွက်ခွာသွားခဲ့ပြီး ချင်းရိုင်ပြည်နယ်ကိုသွားတဲ့ ဘတ်စ်ကားလက်မှတ်တစ်စောင်ဝယ်ယူကာ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၇ နာရီ ၁၂ မိနစ်မှာ ထွက်ခွာ သွားခဲ့ပါတယ်။

 

သံသယတရားခံ ထိုင်းနိုင်ငံထဲကထွက်ခွာသွားပြီလို့ လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းကြားတဲ့အချိန်မှာ တရားခံတည်နေရာသိရှိပြီး ဖမ်းဆီးရရှိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က အိမ်နီးချင်းနိုင်ငံ (မြန်မာနိုင်ငံ)နဲ့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းမေတ္တာရပ်ခံစာတစ်စောင် ထုတ်ပေးဖို့ တရားရုံးကို တင်ပြခဲ့ပါတယ်။

 

မြန်မာလူငယ်နဲ့ ထိုင်းသံအမတ်ကြီးဟောင်းကြားထဲက ဆက်ဆံရေးကို နောက်ထပ်ရရှိတဲ့ မျက်မြင်သက်သေ တွေနဲ့အတူ ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Ref: Suspect Who Killed Former Ambassador Flees Thailand

 

#PeopleMedia


Share this post