• Follow Us on

Home ထိုင်းအခြေခံ ဥပဒေတရားရုံးက ဝန်ကြီးချုပ်လောင်း ပီတာကို ယာယီဆိုင်းငံထားဖို့ အမိန့်ပေး

ထိုင်းအခြေခံ ဥပဒေတရားရုံးက ဝန်ကြီးချုပ်လောင်း ပီတာကို ယာယီဆိုင်းငံထားဖို့ အမိန့်ပေး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၉

 

ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ ပီတာဟာ မီဒီယာကုမ္ပဏီတစ်ခုမှာ ရှယ်ယာပါဝင်နေတဲ့အတွက် ပါလီမန် အမတ်အဖြစ်ကနေ ယာယီဆိုင်းငံထားဖို့ ထိုင်းအခြေခံဥပဒေတရားရုံးက ဇူလိုင်လ ၁၉ ရက်နေ့မှာ အမိန့်ပေးခဲ့ပါတယ်။

 

ပီတာဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ စွပ်စွဲခံထားတဲ့ အမှုတစ်ခုကို တရားရုံးက လက်ခံခဲ့ပြီးနောက် အခုလို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဇူလိုင်လ ၁၉ ရက်နေ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပီတာက မီဒီယာ ကုမ္ပဏီတစ်ခုမှာ သူ ရှယ်ယာပိုင်ဆိုင်နေတာက ရွေးကောက်ပွဲစည်းမျည်းတွေကို ချိုးဖောက်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

 

ပီတာရဲ့ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက ဆိုင်းငံ့မှုဟာ ဝန်ကြီးချုပ်ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်အမည်တင်သွင်းခြင်းကိုတော့ မထိခိုက်စေသင့်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

 

Ref; reuters

 

#PeopleMedia


Share this post