ထိုင်းအစိုးရစီမံချက်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ Google ကုမ္ပဏီ စိတ်ဝင်စား

PUBLISHED - February 11, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၁
ထိုင်းအစိုးရနဲ့ ဆက်နွယ်တဲ့ စီမံချက်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံတိုးမြှင့်ဖို့ Google ကုမ္ပဏီက စိတ်ဝင်စားမှုရှိနေ ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် အမေရိကန်ခရီးစဉ်အတွင်း ကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနာရစ်သာဖန်းဟာ ထိုင်းနိုင်ငံက ဒစ်ဂျစ် တယ်စီးပွားရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်ဖို့နဲ့ အဆင့်မြင့်နည်းပညာတွေမှာ ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ Google ကုမ္ပဏီက အမှုဆောင်အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
၎င်းတို့ဆွေးနွေးပွဲမှာ အဓိကအာရုံစိုက် ဆွေးနွေးခဲ့ကြတာကတော့ အစိုးရစီမံကိန်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ပဲ ဖြစ်ပါတယ်။ Google ကုမ္ပဏီက ထိုင်းအစိုးရနဲ့ဆက်နွယ်တဲ့ စီမံကိန်းတွေ အထူးသဖြင့် cloud services နဲ့ data centres လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ စိတ်အားထက်သန်နေပါတယ်။
အာရပ်စော်ဘွားများသမ္မတနိုင်ငံ (UAE) က ထိုင်းနိုင်ငံက data centre တွေ တည်ထောင်ရေးမှာ စိတ်ဝင်စားကြောင်း ပြောကြားခဲ့သလို Google, Microsoft နဲ့ Amazon တို့လို ကမ္ဘာ့နည်းပညာဦးဆောင်ကုမ္ပဏီကြီးတွေက ထိုင်းနိုင်ငံတွင်း ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။
Google ကုမ္ပဏီဟာ အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးအခြေခံစည်းမျဉ်းများသဘောတူညီချက် (Defa) စေ့စပ်ညှိနှိုင်းမှု တွေရဲ့ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံတကာစံနှုန်းတစ်ခုအဖြစ် သဘောတူစာချုပ်တစ်ရပ် ရေးဆွဲရေး ထောက်ပံ့ဖို့ စိတ်အားထက်သန်နေကြောင်း မစ္စတာ ဖိချိုင်းက ပြောပါတယ်။
အနာဂတ်ဒစ်ဂျစ်တယ်ကဏ္ဍ အားပေးမြင့်တင်တဲ့ ကဏ္ဍစုံနဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ်စီးပွားရေးသဘောတူ စာချုပ်တစ်ရပ် အဖြစ် အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးအခြေခံစည်းမျဉ်းများသဘောတူညီချက် (Defa) ကိုရေးဆွဲမယ့် အစိုးရရဲ့ ရည် ရွယ်ချက်ကို ၎င်းက ရှင်းပြပါတယ်။
ဉာဏ်ပညာနဲ့ထုတ်လုပ်တဲ့ပစ္စည်းများဆိုင်ရာ မူပိုင်ခွင့် အထူးသဖြင့် AI နည်းပညာလို အဆင့်မြင့်နည်းပညာမျိုးကို သုံး စွဲဖို့ ဥပဒေစည်းမျဉ်းတွေ ပြောင်းလဲသုံးစွဲရာမှာ အဓိကနယ်ပယ်ရဲ့ ဗဟိုချက်အဖြစ် သတ်မှတ်သွားဖို့ ဖြစ်ပါတယ်။
အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအခြေခံစည်းမျဉ်းများသဘောတူညီချက် (Defa) စာချုပ်ချုပ်ဆိုရေး စေ့စပ်ညှိနှိုင်းမှုတွေ ကို အခုနှစ်အပြီးဆောင်ရွက်သွားမှာဖြစ်ပြီး အောင်မြင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ ပထမဦးဆုံး ဒေသတွင်း အာဆီယံဒစ်ဂျစ် တယ်စီးပွားရေးသဘောတူညီချက်အဖြစ် ထွက်ပေါ်လာမှာဖြစ်သလို အာဆီယံနဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေ ကြား ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားနိုင်မှာဖြစ်ပါတယ်။
မစ္စတာဖိချိုင်းဟာ Google ကုမ္ပဏီအပြင် အမေရိကန်ကုန်သွယ်ကြီးများအသင်းနဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီတို့က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာဖိချိုင်းဟာ အမေရိကန်နည်းပညာဦးဆောင်ကုမ္ပဏီ ၂၆ ခုကျော်က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၄.၄ ဘီလျံကျော်ရှိခဲ့ပါတယ်။
Ref: Thai govt projects draw Google interest
#PeopleMedia