• Follow Us on

Home ထိုင်းအစိုးရသစ်ကို ယုံကြည်ရန် ထိုင်းပြည်သူတွေကို ဆရက်သာတိုက်တွန်း

ထိုင်းအစိုးရသစ်ကို ယုံကြည်ရန် ထိုင်းပြည်သူတွေကို ဆရက်သာတိုက်တွန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆

 

ရွေးကောက်ပွဲမဲဆွယ်ကာလက ကတိပေးခဲ့တဲ့ စီးပွားရေးမူဝါဒတွေကို လက်တွေ့ချက်ချင်းအကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ပြောကြားလိုက်ပြီး ထိုင်းပြည်သူတွေအနေနဲ့ ၎င်းဦးဆောင်တဲ့ အစိုးရကို ယုံကြည်ဖို့ ဝန်ကြီးချုပ်ဆရက်သာသာဗီဆင်က ပြောကြားလိုက်ပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃၄ ဦးဟာ ဒူးဆစ်နန်းတော်မှာ ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖု ယားရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မီဒီယာတွေကို ဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး မတူကွဲပြားမှုတွေ ကို ကောင်းစွာသဘောပေါက်ပြီး အဲဒီပြဿနာတွေကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ကြောင်း ဆရက် သာက ပြောပါတယ်။

 

“အီလက်ထရောနစ်ငွေကြေးစနစ်” နဲ့ပတ်သက်ပြီး ပြောကြားရမှာ အဲဒီငွေကြေးစနစ်ကို လာမယ့်နှစ် ပထမသုံး လပတ်အတွင်း စတင်အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းကပြောပါတယ်။

 

ဝန်ကြီးချုပ်က ပထမဦးဆုံးအနေနဲ့ ၎င်းအစိုးရအဖွဲ့ကဝန်ကြီးတွေကို အလုပ်လုပ်ဖို့ အချိန်ပေးစေလိုကြောင်း ပြောပါတယ်။

 

ဒါပေမဲ့ ၎င်းတို့အစိုးရရဲ့မူဝါဒတချို့ကိုတော့ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးတဲ့ အ တွက် အဲဒီကိစ္စတွေဆောင်ရွက်ဖို့ ပြည်သူတွေအနေနဲ့ စောင့်ဆိုင်းရမှာဖြစ်ကြောင်း၊ ချက်ချင်းဆောင်ရွက်လို့ ရ နိုင်တဲ့ အလုပ်တွေကို ချက်ချင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပြည်သူတွေတွေ့ကြုံနေရတဲ့ ပြဿနာတွေအကြောင်းကို ပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ဖို့အတွက် လာမယ့်သောကြာနေ့မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတချို့ဟာ ခုန်ခီယမ်ပြည်နယ်၊ ဥဒါန်းဌာနီပြည်နယ်နဲ့ နောင်ခိုင် ပြည်နယ်တို့ကို သွားရောက်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟာ စက်တင်ဘာလ ၁၁ ရက်နေ့ (တနင်္လာနေ့) မှာ လွှတ်တော်မှာ ၎င်းရဲ့မူဝါဒကို တင်ပြရမှာဖြစ် ပါတယ်။

 

ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမစခင်မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဟာ အစိုးရအိမ်တော်မှာ စုဝေးပြီး အမှတ် တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။

 

Ref: PM Srettha urges public to trust his government

 

#PeopleMedia


Share this post