• Follow Us on

Home ထိုင်းအစိုးရသစ် ညီညွတ်မှုနဲ့ တည်ငြိမ်မှုကို ပုဂ္ဂလိကကဏ္ဍက အကောင်းဘက်က ရှုမြင်သုံးသပ်

ထိုင်းအစိုးရသစ် ညီညွတ်မှုနဲ့ တည်ငြိမ်မှုကို ပုဂ္ဂလိကကဏ္ဍက အကောင်းဘက်က ရှုမြင်သုံးသပ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

 

ထိုင်းအစိုးရအဖွဲ့သစ်ရဲ့ ညီညွတ်မှုနဲ့ တည်ငြိမ်မှုကြောင့် လူထုယုံကြည်မှုကို မြှင့်တင်နိုင်လိမ့်မယ်လို့ စီးပွားရေးဦး ဆောင်အဖွဲ့တစ်ခုက အကောင်းဘက်က ရှုမြင်သုံးသပ်ထားကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြထား ပါ တယ်။

 

အစိုးရအဖွဲ့သစ် လျင်မြန်စွာဖွဲ့စည်းနိုင်မှုဟာ လူထုယုံကြည်မှုကို မြှင့်တင်သွားမှာဖြစ်သလို ဘဏ္ဍာရေးနဲ့ အရင်း အနှီးဈေးကွက်တွေအတွက်လည်း အပြုသဘောဆောင်တဲ့ သဘောထားတွေ ထွက်ပေါ်လာစေမှာဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဖေယောင်းဆရီဗန်းနစ်က ပြောပါတယ်။

 

ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) ကျင်းပပြီးနောက် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၄ ရက်နေ့) က မိန့်ခွန်းပြောကြားရာမှာ ဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဖေ ယောင်းဆရီဗန်းနစ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

နိုင်ငံရေးပါတီပေါင်းစုံပါဝင်နေပေမဲ့လည်း အစိုးရသစ်ရဲ့ ညီညွတ်မှုနဲ့ တည်ငြိမ်မှုကြောင့် စီးပွားရေးကဏ္ဍမှာ လည်း ယုံကြည်မှုတွေကို မွေးမြူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။

 

“အစိုးရသစ်အဖွဲ့ကို အမြန်ဖွဲ့စည်းနိုင်တာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ပါ။ မှတ်သားစရာကောင်းတာက ကော်မတီနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ပေးလိုက်တာဖြစ်ပြီး အဲဒီလို တံခါးဖွင့်ပေးလိုက်တာဟာ အစိုးရက ပုဂ္ဂလိက ကဏ္ဍရဲ့ အသံတွေကို နားထောင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို အားဖြည့်ပေးလိုက်တာဖြစ်ပါတယ်။” လို့ မစ္စတာဖေယောင်းက ပြောပါတယ်။

 

ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) အနေနဲ့ အစိုးရ သစ်အတွက် အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေ အနှစ်ချုပ်ဖော်ပြထားတဲ့ အစီရင်ခံစာတစ် စောင်ကို ပုဂ္ဂလိကကဏ္ဍရဲ့ အဆိုပြုလွှာအဖြစ် တင်ပြသွားဖို့ ပြင်ဆင်နေကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအဆိုပြုလွှာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် အကြံပြုချက်တွေ ပါဝင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအကြံပြုချက်တွေဟာ တခြား ပြဿနာတွေကြားမှာ နိုင်ငံရဲ့ယှဉ်ပြိုင်မှုစွမ်းအားကိုမြှင့်တင်ခြင်း၊ လုပ်သား ကျွမ်းကျင်မှုကို မြှင့်တင်ခြင်း၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုအရည်အသွေး ကို မြှင့်တင်ခြင်း၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များကို ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းနဲ့ အိမ်ထောင်စုကြွေးမြီများကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းတို့အတွက် လမ်းညွှန်မှုတွေ ထောက်ပံ့သွားမှာဖြစ်ကြောင်း မစ္စတာဖယောင်းက ပြောပါတယ်။

 

အစီရင်ခံစာဟာ ၉၀% ခန့် ပြီးစီးနေပြီဖြစ်ပြီး အဲဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စီးပွားရေးရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို အားပေးမြှင့်တင်ဖို့ အဓိကရည်ရွယ်ထားတဲ့ ပေါင်းစပ်ထားတဲ့ အကြံပြုချက်တွေ ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

“ရေတိုကာလအတွက် အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အားပေးမြှင့်တင်ဖို့အတွက် နိုင်ငံတွင်း ငွေပေါ် လွယ်မှုအခြေအနေတွေကို အားဖြည့်ပေးပြီး ငွေပေါ်လွယ်မှုတင်းကျပ်တဲ့အခြေအနေတွေကြောင့် ထိခိုက်နေတဲ့ ဝင်ငွေနိမ့်အုပ်စုတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထောက်ပံ့သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” လို့ မစ္စတာဖေယောင်းက ပြောပါတယ်။

 

ပုဂ္ဂလိကကဏ္ဍအနေနဲ့ အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒသစ်တွေနဲ့ ပတ်သက်တဲ့ ကြေညာချက်နဲ့ စီးပွားရေးအဖွဲ့ အကြီးအကဲ ခန့်အပ်မှုကိ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဆာနန်အန်ဂူဘိုလ်ကူလ်က ပြောပါတယ်။

 

နိုင်ငံရေးအပြောင်းအလဲမြန်ဆန်မှုနဲ့ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်မှုဟာ အပြုသဘောဆောင်တဲ့ယုံကြည်မှုတွေ တိုးမြှင့်လာစေကြောင်း ၎င်းက ပြောပါတယ်။

 

နိုင်ငံစီးပွားရေးဟာ ပြည်တွင်း/ပြည်ပ နှစ်ခုစလုံးမှာ စိန်ခေါ်မှုပေါင်းများစွာ၊ မရေရာမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရ ကြောင်း မစ္စတာဆာနန်က ပြောပါတယ်။

 

စီးပွားရေးစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ ရေရှည်မှာ နိုင်ငံ့စီးပွားရေးရဲ့ မရှိမဖြစ် အခြေခံအစိတ် အပိုင်းတွေကို အားပေးမြှင်တင်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပုဂ္ဂလိကကဏ္ဍက အသင့်ပြင်ဆင် ထားကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Private sector upbeat on sentiment

 

#PeopleMedia


Share this post