• Follow Us on
Latest News

Home ထိုင်းအစိုးရအဖွ့ဲဝင်အမည်စာရင်း ထိုင်းဘုရင်မင်းမြတ်ထံ ယနေ့တင်ပြမည်

ထိုင်းအစိုးရအဖွ့ဲဝင်အမည်စာရင်း ထိုင်းဘုရင်မင်းမြတ်ထံ ယနေ့တင်ပြမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁

 

အစိုးရအဖွဲ့ဝင်တချို့ရဲ့အရည်အချင်းနဲ့ပတ်သက်ပြီး သံသယရှိနေပေမဲ့လည်း အစိုးရအဖွဲ့ဝင်သစ်တွေရဲ့လျာထား အမည်စာရင်းကို ထိုင်းဘုရင်အတည်ပြုပေးဖို့အတွက် ဒီကနေ့ (စက်တင်ဘာလ ၁ ရက်နေ့) တင်ပြသွားမှာဖြစ် ကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

 

အစိုးရအဖွဲ့ဝင်လျာထားစာရင်းကို အပြီးသတ်ပြုစုပြီး သောကြာနေ့မှာ ထိုင်းဘုရင်မင်းမြင်ထံတင်ပြသင့်ပြီဖြစ် ကြောင်း ဝန်ကြီးချုပ်ဆရက်သာသာဗီဆင်က ကြာသပတေးနေ့က ပြောပါတယ်။

 

အစိုးရအဖွဲ့ဝင်တွေကို ဥပဒေမှာပြဋ္ဌာန်းထားတဲ့ အရည်အချင်းသတ်မှတ်ချက်တွေပေါ်အခြေခံပြီး ရွေးချယ်ထား တာမို့လို့ အဖွဲ့ဝင်တွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကိစ္စရပ်တွေကို စိုးရိမ်စရာမလိုကြောင်း ၎င်းကပြောပါတယ်။

 

အစိုးရအဖွဲ့ဝင်အတွက်လျာထားသူတွေကို အသိအမှတ်ပြုဖို့အတွက် နိုင်ငံတော်ကောင်စီကိုလည်း တင်ပြထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီရဲ့ဆုံးဖြတ်ချက်ကို ဒီကနေ့ ထုတ်ပြန်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“အစိုးရအဖွဲ့ဝင်အဖြစ် အမည်စာရင်းတင်သွင်းထားသူတွေကို မျှမျှတတ ဆက်ဆံရမှာဖြစ်ပါတယ်။ နိုင်ငံတော် ကောင်စီက လူတစ်ဦးက သက်ဆိုင်ရာရာထူးတစ်ခုအတွက် အရည်အချင်းပြည့်မီကြောင်း တွေ့ရှိတယ်ဆိုရင် အဲ ဒီပုဂ္ဂိုလ်ရဲ့အရည်အချင်းနဲ့ပတ်သက်တဲ့ သံသယတွေကို ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လျာထားအမည်စာရင်းတွေထဲက လူတွေအထူးစိတ်ဝင်စားနေတဲ့သူတစ်ဦးကတော့ ဝန်ကြီးချုပ်ဟောင်းသက် ဆင်ရှင်နာဝပ်ထရာအတွက် ရှေ့နေအဖြစ် အလုပ်လုပ်ခဲ့တဲ့ ဖိချစ်ချွန်ဘန်းပဲ ဖြစ်ပါတယ်။

 

ဖိချစ်ချွန်ဘန်းဟာ ၂၀၀၈ ခုနှစ်တုန်းက အငြင်းပွားဖွယ်ရာမြေကိစ္စတစ်ခုမှာ ၎င်းအနေနဲ့ သက်ဆင်အတွက်အ လုပ်လုပ်နေတုန်း တံစိုးလက်ဆောင်ရယူဖို့ ကြိုးစားအားထုတ်တဲ့အမှုအတွက် ရုံးတော်ကို မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရဖူးပါတယ်။

 

အဲဒီလိုထောင်ဒဏ်ကျခံခဲ့ရဖူးတဲ့အတွက် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ယောက်အဖြစ် ၎င်းရဲ့အရည်အချင်းပြည့်မီမှု ကို မေးခွန်းထုတ်ဖွယ်ရာဖြစ်နေတယ်လို့ ဆိုပါတယ်။

 

ဖိချစ်ဟာ ဝန်ကြီးချုပ်ရုံးဝန်ကြီးဖြစ်ဖို့ တစ်ပြေးနေတဲ့သူဖြစ်ကြောင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

 

ဖိချစ်နဲ့ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးဟာ ဘတ်ငွေနှစ်သန်းထည့်ထားတဲ့ စာအိတ်တစ်အိတ်ကို တရားရုံးချုပ်အ ရာရှိတွေကို လွှဲပြောင်းပေးရင်း လာဘ်ထိုးဖို့ကြိုးစားခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ထိုင်းတရား ရုံးချုပ်က ၎င်းတို့သုံးဦးကို ထောင်ဒဏ်ခြောက်လစီချမှတ်ခဲ့ပါတယ်။

 

အဲဒီသုံးဦးစလုံးဟာ ၂၀၀၈ ခုနှစ်မှာ သက်ဆင်ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ရတ်ချာဒါဖိဆိတ်မြေရာကိစ္စမှာ သက်ဆက်နဲ့ ဇနီးဟောင်းဖြစ်သူ ခွန်ယမ်းပေါ့ဂျာမန်နာဖုမ်ဘီဂျရာတို့ကို ကိုယ်စားပြုသူတွေဖြစ်ပါတယ်။

 

Ref: Cabinet picks to go before King

 

#PeopleMedia


Share this post