• Follow Us on
Latest News

Home ထိုင်းဦးဆောင်တဲ့ “၆ နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို ကမ္ဘောဒီးယား ထောက်ခံ

ထိုင်းဦးဆောင်တဲ့ “၆ နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို ကမ္ဘောဒီးယား ထောက်ခံ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂

 

အရှေ့တောင်အာရှဒေသတွင်း ဗီဇာတစ်မျိုးတည်းနဲ့ ထိုင်းနိုင်ငံအပါအဝင် ၆ နိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်နိုင်မယ့် ထိုင်းအစိုးရရဲ့ “၆ နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို ကမ္ဘောဒီးယားနိုင်ငံက သဘောတူညီ ထောက်ခံလိုက်ကြောင်း ထိုင်းအစိုးရအိမ်တော် သတင်းရင်းမြစ်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ဖနွမ်ပင်မြို့မှာ တနင်္လာနေ့ (အောက်တိုဘာ ၂၁ ရက်နေ့) က ကျင်းပခဲ့တဲ့ နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ခရီးစဉ် စဉ်ဆက်မပြတ် လည်ပတ်လှုပ်ရှားနိုင်မှု မြှင့်တင်ရေး ဆွေးနွေးပွဲမှာ ကမ္ဘော ဒီးယားကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဟျူဟက်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမားရစ်ဆန်ဂီယန် ပေါင်ဆာရဲ့ အကြံပေးအရာရှိတွေဖြစ်တဲ့ ဒူးဆစ်မာနာပန်နဲ့ ချာယီကာ ဝေါင်းနာပါချန်တို့ တွေ့ဆုံခဲ့ပြီးနောက် အခုလို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

 

ကမ္ဘောဒီးယားကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနဝန်ကြီးက ထိုင်းနိုင်ငံရဲ့ “၆ နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို ထောက်ခံကြောင်းပြောဆိုပြီး ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနနဲ့ တခြားသက်ဆိုင် ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ သဘောတူညီခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

 

အဆိုပါအဖွဲ့အစည်းတွေထံက တုံ့ပြန်မှုတွေကို ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ရဲ့ နိုင်ငံတော်ခရီးစဉ် မတိုင်မီ ကမ္ဘောဒီးယားအစိုးရအဖွဲ့ထံ တင်ပြသွားမှာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်မယ့် အဲဒီ “၆ နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နဲ့ ထိုင်း နိုင်ငံတို့ ပါဝင်ပါတယ်။

 

အခု အစီအစဉ်ဆောင်ရွက်ဖို့အတွက် တခြားနိုင်ငံတွေနဲ့ မဆွေးနွေးခင်မှာ ရှေ့ပြေးစီမံချက်အဖြစ် ကမ္ဘောဒီးယား နိုင်ငံနဲ့ အရင်ဦးဆုံးဆွေးနွေးညှိနှိုင်းဖို့ ထိုင်းအစိုးရက စီစဉ်ထားတာဖြစ်ပါတယ်။

 

ဆွေးနွေးမှုတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့အတွက် မဟာဗျူဟာ အမျိုးမျိုးကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလမ်းကြောင်းများ ဖန်တီး ရေး အထူးသဖြင့် အဖွဲ့ဝင် ၆ နိုင်ငံမှာရှိတဲ့ ယူနက်စကို အမွေအနှစ်နေရာတွေ ဆက်နွယ်မှုတွေနဲ့ လေကြောင်း ခရီးစဉ်လမ်းကြောင်းများအပါအဝင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ပုဂ္ဂလိကအခန်းကဏ္ဍပူးပေါသ်းဆောင်ရွက် ရေးကို မြှင့်တင်သွားဖို့ ဖြစ်ပါတယ်။

 

Ref: Cambodia backs Thai-led 6-country single visa plan

 

#PeopleMedia


Share this post