• Follow Us on
Latest News

Home ထိုင်း ကြည်း၊ ရေ၊ လေ တပ်မတော် ကလေးများနေ့အခမ်းအနားမှာ ကလေးတွေကို ဖိတ်ကြားပြီး စစ်ရေး စွမ်းရည်များ သရုပ်ဖော်ပြသခြင်း၊ စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသခြင်းများဆောင်ရွက်မည်

ထိုင်း ကြည်း၊ ရေ၊ လေ တပ်မတော် ကလေးများနေ့အခမ်းအနားမှာ ကလေးတွေကို ဖိတ်ကြားပြီး စစ်ရေး စွမ်းရည်များ သရုပ်ဖော်ပြသခြင်း၊ စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသခြင်းများဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

 

နိုင်ငံတစ်ဝန်းကလေးများနေ့ အခမ်းအနားကျင်းပမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ (စနေနေ့) မှာ ထိုင်းတပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ လုပ်ငန်းဆောင်ရွက်မှုတွေကို ခင်းကျင်းပြသသွားဖို့ ထိုင်းတပ်မတော်က ပြင်ဆင်နေပါတယ်။ အဲဒီနေ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ထိုင်းတပ်မတော် စစ်စခန်းတွေကို လာရောက်လည်ပတ်ဖို့နဲ့ စစ်လက် နက်ပစ္စည်းတွေ ခင်းကျင်းပြသထားတာတွေကို ကြည့်ရှုဖို့ ကလေးတွေကို ဖိတ်ကြားထားပြီး လက်ဆောင်မျိုးစုံပေးသွားဖို့လည်း စီစဉ်ထားပါတယ်။

 

ဘန်ကောက်မြို့ ကျိုင်းယန်ဝတ္ထနာလမ်းမှာရှိတဲ့ တော်ဝင်ထိုင်းကြည်းတပ်ဌာနချုပ်မှာတော့ ပညာပေး အစီစဉ်တွေ၊ စစ် သုံးယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သရုပ်ပြမောင်းနှင်အသုံးပြုပုံတွေနဲ့ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနဲ့ သဘာဝ ဘေးအန္တရာယ်အခန်းကဏ္ဍမှာ တပ်မတော်ရဲ့ပါဝင်ဆောင်ရွက်မှုတွေကို သရုပ်ပြခင်း ကျင်းပြသသွားမှာဖြစ်ပါတယ်။

 

ကလေးငယ်တွေဟာ တေးဂီတသံတွေ နားထောင်ပြီး စစ်ဆင်ရေးဆောင်ရွက်မှုတွေကို ကြည့်ရှုလေ့လာနိုင် သလို တက်ရောက်လာတဲ့ကလေးတွေကိုလည်း တစ်နေကုန်အစားသောက်တွေနဲ့ ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ နခုန် ရတ်ချာဆီမာမြို့မှာရှိတဲ့ အမှတ် ၂ ကြည်းတပ်စစ်တိုင်းဒေသကြီး၊ ပိဆနူ လောက်မြို့မှာရှိတဲ့ အမှတ် ၃ ကြည်းတပ် စစ်တိုင်းဒေသကြီး၊ နခုန်ဆီသာမရတ်မှာရှိတဲ့ အမှတ် ၄ ကြည်းတပ်စစ်တိုင်းဒေသကြီးတို့အပါဝင် နိုင်ငံတစ်ဝန်းက ကြည်း တပ်ရဲ့ ဒေသဆိုင်ရာ စစ်ဌာနချုပ်တွေမှာ လည်း ကလေးများနေ့အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပါတယ်။

 

တော်ဝင်ထိုင်းရေတပ်ကတော့ ချွန်ဘူရီမှာရှိတဲ့ ဆတ္ထာဟစ်ရေတပ်စခန်းကနေ ကလေးတွေကို ကြိုဆိုသွားမှာ ဖြစ်ပါတယ်။

 

ကလေးဧည့်သည်တွေဟာ HTMS ချွန်ကရီနာရူဘက်နဲ့ HTMS ဘူမိဘောအဒူယာဒက်အပါအဝင် စစ်သင်္ဘော လေးစင်းကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။

 

ဆမွတ်ပရာကန်မှာရှိတဲ့ ရေတပ်စစ်တက္ကသိုလ်ကိုလည်း အများပြည်သူအတွက် ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။

 

တော်ဝင်ထိုင်းလေတပ်ကတော့ ကလေးများနေ့အခမ်းအနားကို နခုန်ပထုမ်မှာရှိတဲ့ အမှတ် ၆၀၁ လေတပ်အုပ် မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

အဲဒီလေတပ်စခန်းမှာ အရပ်ဘက်လေကြောင်းလိုင်းတွေအတွက် အနှောင့်အယှက်မဖြစ်အောင် ရှောင်ရှားပြီး လေကြောင်းပြပွဲပြုလုပ်သွားမှာဖြစ်သလို ကလေးတွေအတွက် သရုပ်ပြပျံသန်းခြင်း၊ စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသခြင်းနဲ့ စင်တင်သရုပ်ပြခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

Ref: Children’s Day 2025: Armed forces open doors to young visitors

 

#PeopleMedia


Share this post