ထိုင်း-တရုတ် ကုန်သွယ်ရေးကို အကောင်းမြင်စိတ်မွေးဖို့ ထိုင်းကုန်သွယ်ရေးဝန်ကြီး တိုက်တွန်း
PUBLISHED - September 17, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇
ယှဉ်ပြိုင်မှုမျှတရေးနဲ့ စားသုံးသူဘေးကင်းလုံခြုံရေး အာမခံနိုင်ရေးအတွက် ဥပဒေအားကောင်းလာအောင် သက် ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းလှုံ့ဆော်နေစဉ်အတွင်း မိတ်ဖက်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကရရှိလာ တဲ့ အကျိုးကျေးဇူးတွေကို အလေးထားသတိပြုပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆောင်ရွက်ချက်တွေကို အ ကောင်းမြင်ဖို့ လိုအပ်ကြောင်း ထိုင်းဝန်ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
အစိုးရသစ်အနေနဲ့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အဓိကဈေးကွက်တွေရဲ့ ကုန်သွယ်ရေးတွေကနေ အကောင်းဆုံးအကျိုးအမြတ်ရရှိအောင် ဆောင်ရွက်သင့်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့ (စက်တင်ဘာ ၁၃ ရက်) က အစိုးရမူဝါဒတင်ပြချက်တစ်ခုမှာ ကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနာရစ်သာဖန်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ကြားနေဝါဒသဘောထားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခွင့်အလမ်းတွေ ပိုမိုဝင်ရောက်လာဖို့အတွက် မျှော်လင့်ချက်တွေကို ၎င်းက ထပ်မံပြောကြားပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးဆီကနေ အခွင့်အလမ်းကောင်းတွေကို ရရှိအောင်ဆောင်ရွက် ရမှာဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးပမ်းရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တရုတ်ကုန်စည်တွေ အလုံးအရင်းဝင်ရောက်လာမှုအပေါ် ထိုင်းနိုင်ငံအတွင်း စိုးရိမ်မှုတွေမြင့်တက်နေတာနဲ့ပတ် သက်ပြီး တုံ့ပြန်ပြောကြားရမှာ “နိုင်ငံစီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ရာမှာ ယုံကြည်မှုရှိ ပြီး တရုတ်ထုတ်ကုန်တွေ ဝင်ရောက်လာမှုကို ရှုမြင်ရာမှာလည်း ကြောင်းကျိုးလျော်ညီပြီး အပြုသဘောဆောင် တဲ့ အမြင်ရှိဖို့ လိုကြောင်း” ဖိချိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ ထိုင်းနိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၂၆.၃ ဘီလျံရှိကြောင်း ထိုင်းနိုင်ငံဆိုင် ရာတရုတ်သံရုံးက ပြောပါတယ်။ ထိုင်းနိုင်ငံထဲက လယ်ယာထုတ်ကုန်ပစ္စည်း ၄၀ ရာခိုင်နှုန်းဝန်းကျင်ကို နှစ်စဉ် တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ် တယ်လို့ ဆိုပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း အခုနှစ် သြဂုတ်လ ၁၈ ရက်နေ့အထိ နိုင်ငံခြားသားခရီးသွား ၂၂ သန်း ကျော် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာရာ ဝင်ငွေ ဘတ်ငွေ ၁.၀၆ ထရီလီယန် (ဒေါ်လာ ၃၁.၈ ဘီလျံ) ရရှိခဲ့ ပါတယ်။
တရုတ်ထုတ်ကုန်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိုင်းလူမျိုးတွေက အပျက်သဘောမြင်နေတာတွေကို အစိုးရသစ် အနေနဲ့ ပြေလည်အောင် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ဖန်းယာဖိဝတ်စီမံခန့်ခွဲမှုအင်စတီကျုရဲ့ ဥက္ကဋ္ဌဖြစ် သူ ဆမ်ပေါ့မာနာရောင်ဆန်က ပြောပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံစလုံးအကျိုးရှိတဲ့ ကုန်သွယ်ရေးစံပြမိုဒယ်တစ်ခု (a win-win trade model) ဖြစ်သင့်ကြောင်း ၎င်းက ပြောပါတယ်။ “တရုတ်ထုတ်ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ (အဆိုးမြင်နေတာတွေ) အမြင်တွေကို ဆောင်ရွက်သင့် တဲ့အတိုင်း မဆောင်ရွက်ဘူးဆိုရင် ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်လုပ်ငန်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကို ထိ ခိုက်လာနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှုဟာ နှစ်နိုင်ငံယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ချမ်းသာကြွယ်ဝမှုနဲ့ ဖွံ့ဖြိုးတိုး တက်မှုတို့အပြင် နှစ်နိုင်ငံပြည်သူတွေကြားက မိသားစုသံယောဇဉ်တွေအပေါ်မှာလည်း အခြေခံထားတာဖြစ်တဲ့ အတွက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုမိုရင်းနှီးနက်ရှိုင်းလာအောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း” ပြီး ခဲ့တဲ့လ အာဏာရပြီး မကြာခင်မှာပဲ ထိုင်းဝန်ကြီးချုပ်သစ် ပေထောင်တန်ရှင်နာဝပ်က X လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။
ထိုင်းလူမျိုးတွေအနေနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်ကြောင်း ထိုင်း-တရုတ် ကုန် သည်ကြီးများအသင်း ဥက္ကဋ္ဌ နာရောင်းဆတ်ဖတ်သာဖောင်မွန်ကူလ်က ပြောပါတယ်။
“တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံကလာတဲ့ ကုန်စည်တွေအတွက် အမြဲတမ်းတံခါးဖွင့်ထားပြီး နှစ်နိုင်ငံအကျိုးစီးပွားအ တွက် ကုန်သွယ်ရေးကို အမြဲတမ်း ကြိုဆိုနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Thai minister urges positive trade links with China: The Nation
#PeopleMedia