• Follow Us on

Home ထိုင်း-တရုတ် ဆက်ဆံရေး ထပ်မံမြှင့်တင်သွားမယ်လို့ ဝန်ကြီးချုပ်ပေထောင်တန်ပြော

ထိုင်း-တရုတ် ဆက်ဆံရေး ထပ်မံမြှင့်တင်သွားမယ်လို့ ဝန်ကြီးချုပ်ပေထောင်တန်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇

 

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံအကျိုးစီးပွားမျှဝေခံစားနေကြရတဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အဲဒီနှစ် နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် ထပ်မံမြှင့်တင်သွားဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ထိုင်းဝန်ကြီး ချုပ်သစ် ပေ ထောင်တန်ရှင်နာဝပ်က တနင်္လာနေ့ (သြဂုတ်လ ၂၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

တရုတ်နိုင်ငံအပေါ် ထိုင်းနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ “နှစ်နိုင်ငံ ပြည်သူတွေကြားက ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်၊ အပြန်အလှန် ယုံကြည်လေးစားမှု၊ ကြွယ်ဝချမ်းသာမှုနဲ့ တိုးတက်မှုအတွက် ဘုံရည်မှန်းချက်” တု့ိအပေါ် အခြေခံထားတာဖြစ်ကြောင်း ပေထောင်တန်က X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို မြှင့် တင်သွားဖို့ ဆုံးဖြတ်ထားသလို ၂၀၂၅ ခုနှစ်မှာ ကျရောက်လာမယ့် အနှစ် ၅၀ မြောက် သံတမန် ဆက်ဆံရေး နှစ်ပတ်လည်အခမ်းအနားကို ပူးတွဲကျင်းပသွားဖို့လည်း မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ် ပေထောင်တန်က ရေး သားထားပါတယ်။

 

အသက် ၃၈ နှစ်အရွယ် ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ကို လွှတ်တော်ထဲမှာ မဲအများစုနဲ့ သြဂုတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

 

လွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်ခံရပြီးနောက် ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွမ်းထံက တရားဝင် တော်ဝင်ခန့်အပ်လွှာကို ဝန်ကြီးချုပ်ပေထောင်တန် လက်ခံရယူခဲ့ပါတယ်။

 

ပေထောင်တန်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို ထိုင်းနိုင်ငံရေး သမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

 

Ref: Thai PM says committed to further strengthening Thailand-China relations: Xinhua/ China Daily

 

#PeopleMedia


Share this post