• Follow Us on

Home ထိုင်း-တရုတ် အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ကြောင့် လေယာဉ်လက်မှတ်ဝယ်ယူမှုတွေမြင့်တက်လာ

ထိုင်း-တရုတ် အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ကြောင့် လေယာဉ်လက်မှတ်ဝယ်ယူမှုတွေမြင့်တက်လာ

Share this post

နိုင်ငံတကာ၊ မတ် ၈

 

နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကြား အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် ဆုန်ခရန် (ထိုင်းနှစ်သစ်ကူး) ပွဲတော်ကာလအတွင်း ထိုင်းခရီးသွားတွေဆီက လက်မှတ်ကြိုတင်မှာယူမှုတွေ မြင့် တက်လာရာ တချို့ခရီးစဉ်တွေမှာ တရုတ်ခရီးသွားတွေထက် ထိုင်းခရီးသွားတွေရဲ့ မှာယူမှုက ပိုမိုမြင့်တက်နေ ကြောင်း Bangkok Post သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

 

ချာတာလေယာဉ်အများအပြားငှားရမ်းလို့မရပေမဲ့ ဆုန်ခရန်ပွဲတော်ကာလအတွင်း ခရီးသွားကုမ္ပဏီတွေက တရုတ်ခရီးစဉ်လက်မှတ်တွေ ပိုမိုရောင်းချခဲ့ရကြောင်း ထိုင်းခရီးသွားလုပ်ငန်းများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌချိုတီ ချူယောင်းဆိုရန်ဂူရာက ပြောပါတယ်။

 

ဝင်ငွေနည်းခရီးသွားတွေအနေနဲ့ ပြည်တွင်းခရီးစဉ်တွေနဲ့ ဗီယက်နမ်နိုင်ငံတို့လို ဈေးသက်သာတဲ့ပြည်ပနိုင်ငံခရီး စဉ်တွေအတွက် လက်မှတ်တွေဝယ်ယူခဲ့ပေမဲ့ ပြည်ပနိုင်ငံထွက်ခွာမယ့် ထိုင်းခရီးသည်အများစုကတော့ ဈေးကြီး တဲ့ခရီးစဉ်တွေကို ဝယ်ယူလေ့ရှိကြောင်း ချိုတီချူယောင်းက ပြောပါတယ်။

 

တောင်ကိုရီးယားနိုင်ငံနဲ့မတူတာက တရုတ်နိုင်ငံကို ဝင်/ထွက်လာတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ပတ်သက်ပြီး တရုတ် လူဝင်မှုကြီးကြပ်ရေးက အပျက်သဘောရှုမြင်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

 

ထိုင်းလူမျိုးတွေသွားရောက်လည်ပတ်လေ့ရှိတဲ့ ထင်ရှားတဲ့နေရာတွေကတော့ ရှန်ဟိုင်း၊ ဘေဂျင်း၊ ကူမင်း၊ နန် နင်းနဲ့ ဂီးလင်မြို့တို့ဖြစ်ကြောင်း မစ္စတာချိုူတီချူယောင်းက ပြောပါတယ်။

 

ကူမင်းလို ထင်ရှားတဲ့မြို့ကိုသွားရောက်လည်ပတ်မယ့် လေးရက်ကြာခရီးစဉ်အတွက် ဘတ်ငွေ ၃၀,၀၀၀ ဝန်း ကျင်ကုန်ကျမှာဖြစ်ပြီး အဲဒီကုန်ကျစရိတ်ဟာ ၂၀၁၉ ခုနှစ်ထက် ၁၅-၂၀% ဝန်းကျင် မြင့်တက်သွားတာဖြစ်တယ် လို့ ၎င်းက ပြောပါတယ်။

 

ခရီးသွားကုမ္ပဏီအများအပြားကတော့ ထိုင်းလေကြောင်းလိုင်းတွေထက် ဈေးနှုန်းသက်သာတဲ့ တရုတ်လေ ကြောင်းလိုင်းတွေကို ရွေးချယ်လေ့ရှိတယ်လု့ိဆိုပါတယ်။

 

နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့ မတ်လ ၁ ရက်နေ့ကစပြီး တရုတ်လေကြောင်းလိုင်းတချို့မှာ တရုတ်ခရီး သည်ထက် ထိုင်းခရီးသည်က ပိုမိုများပြားနေကြောင်း Nok Air လေကြောင်းလိုင်း အမှုဆောင်အရာရှိ ဝတ်သီ ဖမ်ဂျူရန်းကူလ်က ပြောပါတယ်။ Nok Air လေကြောင်းလိုင်းဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ တရုတ်နိုင်ငံ နန်နင်းနဲ့ ရင်းဂျောင်းတို့ကို ခရီး စဉ်နှစ်ကြောင်း ပြေးဆွဲနေတဲ့ လေယာဉ်လိုင်းဖြစ်ပါတယ်။

 

အဲဒီနယ်မြေတွေဟာ ရှောင်လင်ဘုန်းတော်ကြီးကျောင်းလို ထိုင်းခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတွေရှိ တဲ့ မြို့တွေဖြစ်ပါတယ်။

 

တပြိုင်တည်းမှာ အဲဒီလေကြောင်းလိုင်းဟာ ဖူးခက်-ချန်ဒူး ခရီးစဉ်ကိုလည်း တစ်ပတ်မှာ ၄ ကြိမ် ပြေးဆွဲပေးနေ ရာ အဲဒီခရီးစဉ်မှာတော့ တရုတ်ခရီးသွားတွေ စီးနင်းတာများတယ်လို့ ဝတ်သီ ဖမ်ဂျူရန်းကူလ်က ပြောပါတယ်။

 

တရုတ်နှစ်သစ်ကူးနေ့ကစပြီး တရုတ်ပြည်မကြီးကနေ ထိုင်းနိုင်ငံထဲကို လာရောက်လည်ပတ်နေတဲ့ တရုတ်ခရီး သွားတွေကတော့ ပုံမှန်ဆက်လက်လည်ပတ်နေဆဲပဲဖြစ်ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ (TAT) ရဲ့ အရှေ့အာရှဆိုင်ရာ ဈေးကွက် ဒေသတွင်းညွှန်ကြားရေးမှူး ချူဝတ်ဆီရီဗက်ရှ်ကူလ်က ပြောပါတယ်။

 

တရုတ်ခရီးသွား ၁၈၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ နေ့စဉ် ထိုင်းနိုင်ငံကိုဝင်ရောက်လျက်ရှိရာ လာမယ့် မတ် လနှောင်းပိုင်း နွေရာသီကနေ အောက်တိုဘာလအထိ ခရီးသည် ၆.၂ သန်းအတွက် လေကြောင်းလိုင်းတွေကို အသင့်ပြင်ထားကြောင်း မစ္စတာချုဝတ်က ပြောပါတယ်။

 

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာအရပ်ရပ်ကိုသွားရောက်လည်ပတ်မယ့် တရုတ်ခရီးသွား သန်း ၁၃၀ ဝန်းကျင်ရှိ ကြောင်းတွက်ချက်ထားရာ အဲဒီအထဲက ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ၈ သန်း လာရောက်လည်ပတ်မယ်လို့ ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ (TAT) က ခန့်မှန်းထားပါတယ်။

 

အခုနှစ်စကနေ မတ်လ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၆.၇ သန်း လာရောက် လည်ပတ်ခဲ့ရာ အဲဒီအထဲက ၁.၂ သန်းဟာ တရုတ်ခရီးသွားတွေဖြစ်ပါတယ်။

 

Ref: China visa deal sees bookings rise

 

#PeopleMedia


Share this post