ထိုင်း ပြည်ပပို့ကုန် ၇ လ ဆက်တိုက် မြင့်တက်

PUBLISHED - February 26, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆
ထိုင်းပြည်ပပို့ကုန် ခုနစ်လဆက်တိုက် မြင့်တက်ခဲ့တာကြောင့် မျှော်မှန်းထားတာထက် အခြေအနေ ပိုမိုကောင်း မွန် ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ (အင်္ဂါနေ့) က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
အမေရိကန် ကုန်သွယ်ရေးမူဝါဒ မရေရာမှုတွေကြားထဲက ထိုင်းပြည်ပပို့ကုန်ကို ဆက်လက်ထိန်းသိမ်းထားရာ အခုနှစ် အတွင်း ၂% ကနေ ၃% အထိ မြင့်တက်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ပြီးခဲ့တဲ့နှစ် ကာ လတူနဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလမှာ ၁၃.၆% မြင့်တက်ခဲ့တဲ့အတွက် ရိုက်တာသတင်းဌာနရဲ့ ကြိုတင်ခန့်မှန်းချက်ထက် ၇.၁၅% မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပြည်ပပို့ကုန် မြင့်တက်မှုဟာ ၈.၇% ရှိပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမှုကို စိုးရိမ်နေပေမဲ့လည်း ပထမသုံးလမှာ ပြည်ပပို့ ကုန်တွေ နှစ်ဆမြင့်တက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး အကြီးအကဲ ပွန်း ပေါင်းနိုင်ယာနာပါခွန်က ပြောပါတယ်။
“ထရမ့်ရဲ့ အခွန်တိုးကောက်ရေး မရောရာမှုတွေကြောင့် ကြိုတင်မှာယူကြတဲ့အတွက် ပြည်ပပို့ကုန်တွေ မြင့်တက်လာ တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်-ထိုင်း ကုန်သွယ်ရေးမှာ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံက ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၃၅.၄ ဘီလျံ ရှိနေတဲ့အ တွက် ကုန်သွယ်ရေးပိုငွေ လျှော့ချနိုင်ဖို့အတွက် အမေရိကန်ထုတ်ကုန်တွေကို ပိုမိုဝယ်ယူဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းနေ ပါတယ်။
“ကုန်သွယ်မှုပိုငွေ လျှော့ချဖို့ ဘာကိုလျှော့ချရမလဲဆိုတာ ကျွန်တော်တို့ ကြည့်ရပါမယ်။ ရေနံစိမ်းတွေ၊ ပြောင်းဖူးတွေ၊ ပဲ ပုပ်ပဲတွေ အရင်တင်သွင်းတာထက် ပိုပြီး တင်သွင်းနိုင်မလား ကျွန်တော်တို့ စဉ်းစားကြရပါမယ်။” လို့ ပွန်းပေါင်းနိုင်ယာ နာပါခွန်က ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလ သွင်းကုန်ဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၇.၉% မြင့်တက်လာပြီး ကြိုတင်ခန့်မှန်းထားတဲ့ ၂.၉၅% ရဲ့ အထက်မှာရှိနေပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီလမှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁.၈၈ ဘီလျံ ရှိတဲ့အတွက် ကြိုတင်ခန့်မှန်းချက် ဒေါ်လာ ၁.၉ ဘီလျံ ဝန်းကျင်မှာရှိနေပါတယ်။
၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ဒေါ်လာ ၃၀၁ ဘီလျံရှိတဲ့အတွက် စံချိန်တင် ၅.၄% မြင့်တက်ခဲ့ပါတယ်။
Ref: Thai exports up for 7th straight month, surplus with US a concern
#PeopleMedia