ထိုင်း-မြန်မာ နယ်စပ်မှာပျောက်ဆုံးသွားတဲ့ တရုတ်မော်ဒယ်လ် ယန်ကျဲချီ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိ

PUBLISHED - January 18, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈
ပျောက်ဆုံးနေတဲ့ တရုတ်မော်ဒယ်လ် ယန်ကျဲချီ (Yang Zheqi) ကို ပြန်လည်ရှာဖွေတွေ့ရှိပြီးနောက် ဘေးကင်းလုံခြုံစွာ နဲ့ တရုတ်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ်မော်ဒယ်လ် ယန်ကျဲချီဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးသွားပြီးနောက် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထိုင်း အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကြီး ကစ်ရက်ဖန်းဖက်ထံကို ၎င်းတို့မိသားစုဝင်တွေက အကူအညီတောင်းခံခဲ့တာ ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့က Inspector-General ရဲချုပ်ကြီး သက်ချိုင်းဖိတနီးလာဘု (တ်) က တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်မှာ ဇန်နဝါရီ ၁၇ ရက်နေ့ (သောကြာနေ့) က ပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်မော်ဒယ်လ်ယန်ကျဲချီ တရုတ်နိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားပြီဆိုတာကို ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံးက အတည်ပြုပြောကြားခဲ့ကြောင်း သက်ချိုင်းက ပြောပါတယ်။
နိုင်ငံခြားသားတွေ ပျောက်ဆုံးမှုသတင်းတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ တက်တက်ကြွ ကြွနဲ့ အမှုအခင်းအားလုံးကို စုံစမ်းစစ်ဆေးနေကြောင်း သက်ချိုင်းက ပြောပါတယ်။
နိုင်ငံခြားသားအရေးနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ဖို့နဲ့ ခြေရာခံထောက်လှမ်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့ဟာ သက်ဆိုင် ရာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ရဲချုပ်ကြီး သက်ချိုင်းက ပြောပါတယ်။
မော်ဒယ်လ်ယန်ကျဲချီ တရုတ်နိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း မိသားစုဝင်တွေက ပြောဆိုတာကိုလည်း ရှေ့နေ ရတ်ချာဖုန်ဆရီဆာခွန်က ပြောပါတယ်။
ယန်ကျဲချီရဲ့မိသားစုက လွတ်မြောက်ရေးအတွက်ကူညီဆောင်ရွက်ခဲ့တဲ့ တရုတ်သံရုံးနဲ့ ထိုင်းအာဏာပိုင်တွေထံကို ကျေး ဇူးတင်စာတွေ ပေးပို့ခဲ့ပါတယ်။
ယန်ကျဲချီနဲ့ တခြားလူကုန်ကူးခံရတဲ့သူလေးငါးယောက်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံကို ပြန်လည်ရောက် ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် ဝန်ရှင်းအပါအဝင် ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးစွာတဲ့ တရုတ်နိုင်ငံသားလေးငါးဦး ပျောက်ဆုံးသွားပြီးနောက် တရုတ်ရဲတပ်ဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော်ပြစ်မှုကျူးလွန်သူလို့ သံသယ ရှိသူ ၁၂ ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးမှာဖြစ်ကြောင်း လိမ်လည်ခေါ်ယူခံရပြီးနောက် မော်ဒယ်လ်ယန်ကျဲချီ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့ ဘန်ကောက်ကို လေယာဉ်နဲ့ ရောက်ရှိပြီးနောက်မှာ ယန်ကျဲချီကို နယ်စပ်ကို ကားနဲ့ ခေါ်ဆောင် သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကို ပြန်ရောက်ပြီးနောက် ယန်ကျဲချီဟာ သောကြာနေ့က လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ပြီး “ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိပါပြီ။” လို့ ပြောဆိုခဲ့ပါတယ်။
အခုလ အစောပိုင်းကလည်း ရှင်းရှင်းလို့လူသိများတဲ့ တရုတ်သရုပ်ဆောင် ဝန်ရှင်း ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံး သွားခဲ့ပေမဲ့ ထိုင်းရဲတပ်ဖွဲ့က ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။
Ref: Chinese model Yang Zheqi safely returns to China after vanishing in Myanmar
#PeopleMedia