• Follow Us on
Latest News

Home ထိုင်း THG အဖွဲ့ မြန်မာနိုင်ငံမှာ ဆေးရုံလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်မည်

ထိုင်း THG အဖွဲ့ မြန်မာနိုင်ငံမှာ ဆေးရုံလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

မြန်မာနိုင်ငံမှာ ဆေးဝါးကုသမှုခံယူဖို့ ကြိုးပမ်းမှုနေတဲ့လူနာအရေအတွက် မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံ မှာ ဆေးရုံလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံက သွန်ဘူရီကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (THG) က စီစဉ်နေကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ရင်းနှီးမြှုပ်နှံမှုအသစ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေလေ့လာချက်တစ်ရပ်ကို ဆောင်ရွက်နေပြီး မကြာခင်လေ့လာတွေ့ ရှိချက်ရလဒ်တွေ ထွက်ပေါ်လာတော့မှာဖြစ်ကြောင်း THG အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာတနာတစ် ဆပ်ပရာဒစ်က ပြောပါတယ်။

 

မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်မှာ အစိုးရကိုဖြုတ်ချပြီး တပ်မတော်က အာ ဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ခုတင် ၉၇ လုံးဆံ့ ဆေးရုံတစ်ရုံ ဖွင့်လှစ်လည်ပတ်နေတဲ့ ထိုင်း ကုမ္ပဏီက နောက်ထပ်ရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်ဖို့ ဆိုင်းငံ့ထားပါတယ်။

 

“မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းလိုအပ်ချက်တွေက ဆက်လက်တိုးမြင့်နေပါတယ်။ ဘတ်ငွေ တန်ဖိုးနဲ့ ယှဉ်ရင် ကျပ်ငွေတန်ဖိုး လျော့ကျလာပြီးနောက် လူနာအများအပြားဟာ ဆေးဝါးကုသမှုခံယူဖို့အတွက် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ခရီးသွားတာ ရှောင်ရှားလာကြပါတယ်။” လို့ ဒေါက်တာတနာတစ်က ပြောပါတယ်။

 

THG အဖွဲ့က ဆေးရုံခုတင်တိုးမြှင့်ရေးနဲ့ လူနာတွေကို ဆေးဝါးကုသမှုအသစ်တွေ ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေ တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံမလောက်ဖြစ်နေပေမဲ့လည်း မြန်မာနိုင်ငံက ကျန်းမာရေးစောင့် ရှောက်မှုအခန်းကဏ္ဍဟာ ဆက်လက်မြင့်တက်လာဖွယ်အလားအလာရှိနေတယ်လု့ိ ဒေါက်တာတနာတစ်က ပြောပါတယ်။

 

ဒါ့အပြင် လူနာအရေအတွက်မြင့်တက်လာတဲ့အတွက် အရိုးရောဂါကုသမှုဆေးပညာရပ်ဆိုင်ရာ အထူးကုဆေးရုံ တစ်ရုံတည်ဆောက်ရင်း THG အဖွဲ့ဟာ ဗီယက်နမ်နိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခု ပြုလုပ်သွားဖို့ စီစဉ် နေပါတယ်။

 

THG အဖွဲ့ဟာ ဗီယက်နမ်နိုင်ငံက ချမ်းသာကြွယ်ဝသူတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးဖို့အတွက် ဒေသတွင်း IFF ဦးပိုင်ကုမ္ပဏီ/ မစ်မီထရီးဆေးခန်းတို့နဲ့ ပူးပေါင်းပြီး ဘတ်ငွေ သန်း ၁၇၀ တန်ကြေးှရှိ ဆေးရုံတစ်ရုံတည် ဆောက်ဖို့အတွက် ပူးတွဲရင်းနှီးမြှုုပ်နှံသွားဖို့လည်း အစောပိုင်းက ကြေညာထားပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ဟိုချီမင်းမြို့တော်မှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီဆေးရုံဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သက်ကြီးအန်တု ဆေးကုသရေးအစီအစဉ်တွေကို စိတ်ဝင်စားတဲ့လူနာတွေအတွက် ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မတိုင်ခင် ဒါနန်မြို့နဲ့ ဟိုထရမ်မြိုှု့တွေမှာလည်း နောက်ထပ် ဆေးရုံခွဲတွေ ဖွင့်လှစ်သွားဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။

 

လူဦးရေ သန်း ၁၀၀ ရှိပြီး လူငယ်အများစုနေထိုင်တဲ့ ဗီယက်နမ်နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ အလျင်အမြန်တိုးတက်လာတယ်လို့ THG အဖွဲ့က ပြောပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ GDP ဟာ တစ်နှစ်ကို ၅-၆% တိုးတက်နေတယ်လို့ဆိုပါတယ်။

 

သွန်ဘူရီကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (THG) ဟာ ထိုင်းနိုင်ငံထဲမှာ ဆေးရုံပေါင်း ၁၀ ခု ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီဖြစ်ပါတယ်။

 

Ref: THG set to expand Myanmar investment

 

#PeopleMedia


Share this post