ထီးချိုင့်မြို့နယ်၌ ဆီဘောက်ဆာယာဉ်တစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ

PUBLISHED - October 5, 2021
နေပြည်တော်၊ အောက်တိုဘာ ၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းက ဆီဘောက်ဆာ ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
အဆိုပါ ဆီဘောက်ဆာယာဉ်သည် ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်းမပေါ်ရှိ ချိပ်သင်ကျေးရွာလမ်းခွဲ အနီး၌ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ဆောင်သည့်အဖွဲ့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အလားတူ ထီးချိုင့်မြို့နယ်၌ အုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများ၊ ဒလန်ဟုစွပ်စွဲခံရသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိသည်။
Photo – credit
#PeopleMedia #စစ်ကိုင်း #ထီးချိုင့်
(unicode)
………………………………………………………………………
Photo – credit