ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာအနီး တိုက်ပွဲ၌ KIA/PDF အဖွဲ့ ၄ ယောက်သေ
PUBLISHED - March 17, 2022
ထီးချိုင့်၊ မတ် ၁၇
မတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာ အနီး၌ လုံခြုံရေးတပ်ဖွဲ့များနှင့် KIA/PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ KIA/PDF အဖွဲ့မှ ၄ ယောက် သေဆုံးခဲ့ သည်။
“လေးယောက်ကျသွားပါတယ်။ နှစ်ဘက်တိုက်ပွဲဖြစ်တာပါ။ KIA/PDF ပူးပေါင်းအဖွဲ့နဲ့ ဖြစ်တာပါ။” လို့ ထီးချိုင့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲ၌ KIA/PDF အဖွဲ့ ကျား ၄ လောင်း၊ K-2-5 သေနတ်၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၅၀ တောင့်တို့ကို လုံခြုံရေးတပ်ဖွဲ့က ရရှိခဲ့သည်။
#PeopleMedia
(unicode)
…………………………….
#PeopleMedia