• Follow Us on
Latest News

Home ထီးချိုင့်မြို့တွင် PDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများသိမ်းဆည်းရမိ

ထီးချိုင့်မြို့တွင် PDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများသိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊ ကက္ကူကျေးရွာအနီးတွင် PDF (၂) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ ထီးချိုင့်မြို့ရှိ ကျေးရွာတစ်ချို့ကို နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ် ကက္ကူကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ် ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရာတွင် PDF ၂ လောင်း၊ KA အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည်မျိုးစုံ ၁၂၃ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည် နှင့် အီကွေမန့် ၁ ခုတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းတွင် PDF အလောင်း(၄) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post