ထီးချိုင့်မြို့ရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲရာ စစ်ဘေးရှောင်ကလေးငယ်တစ်ဦး ဒဏ်ရာရ
PUBLISHED - December 5, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊ အမှတ်(၂) ဈေးကုန်းရပ်ကွက်ရှိ ကျောက်စေတီဘုန်းကြီး အတွင်းသို့ KIA/ PDF များမှ ဗုံးဖြင့်ပစ်ခတ်ရာ စစ်ဘေးရှောင်ကလေးငယ်တစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် KIA/ PDF များမှ ဗုံးဖြင့်ပစ်ခတ်ရာ ကျောက်စေတီဘုန်းကြီး အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ထိုဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်သည့် ကလေးတစ်ဦးမှာ ဗုံးစထိမှန် သောကြောင့် မန္တလေးပြည်သူ့ဆေးရုံသို့ ဆေးကုသကြောင်း၊ ထိုဖြစ်စဉ်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် လုံခြုံ ရေးတပ်ဖွဲ့မှ သတင်းရရှိသောကြောင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဗုံးစထိမှန်သည့် ကလေးမှာ အသက် (၁၁) နှစ်အရွယ် မောင်ဝေယံမိုးဖြစ်ပြီး ၎င်း၏ ညာဘက်ပေါင်တွင် ဗုံးစ ထိမှန်သည့် ဒဏ်ရာ (၁) ချက်မှာ မစိုးရိမ်ရကြောင်း သိရသည်။
Photo – Credit
#PeopleMedia