• Follow Us on

Home ထီးချိုင့်မြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

ထီးချိုင့်မြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အား နိုဝင်ဘာ ၉ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့ နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်း ဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာန ဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်း များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ထီးချိုင့်မြို့အား နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော် စစ် ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများအနေဖြင့် ထီးချိုင့်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာ များဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေ အိမ်အဆောက်အဦများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ် ၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာ ၁၂ ရက်တွင် အကြမ်းဖက်သမားများသည် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်း အချို့နှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထီးချိုင့်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေ ထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင် ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများ စသည့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် မြို့ ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post