• Follow Us on
Latest News

Home ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ဘုရား၊ စေတီ၊ ပုထိုးများကိုကြည်ညိုဖူးမြော်နိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့်အသတ်ဖြင့် ပြန်လည်တက်ရောက်ခွင့်ပြုရန် နစကဥက္ကဋ္ဌမှာကြား

ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ဘုရား၊ စေတီ၊ ပုထိုးများကိုကြည်ညိုဖူးမြော်နိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့်အသတ်ဖြင့် ပြန်လည်တက်ရောက်ခွင့်ပြုရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှအပများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့် အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည် တက်ရောက်ကြည်ညို ခွင့်ပြုပေးနိုင်ရေး စဉ်းစားဆောင်ရွက် သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့တွင် ဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် မှာကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အာနန္ဒာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကာ ဘုရားကြီးအတွင်း ပရိဝုဏ်နှင့် အပြင်ပရိဝုဏ်အတွင်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။

 

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင် ကတည်းကပင် အရည် အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှု များကို တာဝန်ရှိသူများက အမြဲမပြတ် စစ် ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အာနန္ဒာဘုရားကြီးအပါအဝင် ရှေးဟောင်း စေတီ ပုထိုးများအား ပြုပြင် ထိန်းသိမ်းရာတွင် အရည်အသွေးကောင်းမွန်သည့် အပေါ်ခံဆေး သုတ်ထားခြင်းဖြင့် ရာသီဥတုကြောင့် ပျက်စီး မည့်ဒဏ်ကို ခံနိုင်မည်ဖြစ်ပြီး ရေဝင်ပျက်စီး မှုများကိုလည်း ခံနိုင်မည်ဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ဆွေး နွေး၍ စဉ်းစားဆောင် ရွက်ကြစေလိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်၍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သဖြင့် မူလလက်ရာကို မထိခိုက်စေဘဲ ခေတ်မီနည်းပညာများ အသုံးပြုထိန်းသိမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့သည့် နရပတိစည်သူမင်းတည်ထားခဲ့သော စူဋ္ဌာမဏိဂူဘုရားကြီးသို့ ရောက်ရှိကြပြီး  ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ဘုရားကြီးအား ပြုပြင်ထိန်းသိမ်း ထားရှိမှုနှင့် ဘုရားကြီး ပုရိဝုဏ်အတွင်း မြေညှိခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ် ဆေးခဲ့သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထီးလိုမင်းလို ဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအတွင်း၊ အပြင်နှင့် အထက်ပစ္စယံတို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို ထိန်းသိမ်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် ရှေးဟောင်း သမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက် မှုများကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှအပများကို လည်း ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည်တက်ရောက် ကြည်ညိုခွင့်ပြုပေးနိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

 

ယခုနှစ်မေလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာ ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်း အုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင် တော ဘုရားတို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းလက်ရာမပြတ် အမြန်ဆုံး ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post