ထောက်ပံ့ရေးကွင်းဆက် ကမောက်ကမဖြစ်မှုနဲ့အတူ အနာဂတ်သဏ္ဍတန်တူစစ်ပွဲ စစ်ရေးလေ့ကျင့်မှု ဗြိတိန်တပ်မတော်လေ့ကျင့်
PUBLISHED - December 4, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄
ထောက်ပံ့ရေးကွင်းဆက် ကမောက်ကမဖြစ်မှာကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ပေမဲ့ စစ်ရေးစွမ်းရည် ဆန်းစစ် လေ့လာအကဲဖြတ်ဖို့အတွက် ဗြိတိန်တပ်မတော်က သီတင်းတစ်ပတ်ကြာသဏ္ဍန်တူ စစ်ဆင်ရေးလေ့ကျင့်ခန်း တစ်ခုကို စတင်ဆောင်ရွက်လိုက်ပါတယ်။
တနင်္လာနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) က စတင်လိုက်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တိုက်ပွဲအရှိန်ပြင်းထန်စွာ မြင့် တက်လာတာနဲ့ လော်ဂျစ်စတစ်စိန်ခေါ်မှုတွေ တောက်လျှောက်ဖြစ်ပေါ်လာတာအပါအဝင် အဓိကစစ်ပွဲကြီးတစ် ခုမှာ ကြုံတွေ့ရမယ့် “ကျယ်ပြန့်တဲ့ အနာဂတ်ဖြစ်နိုင်ခြေအခြေအနေများ” ပါဝင်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ပထမဦးဆုံးအကြိမ်အဖြစ် BAE Systems ၊ Lockheed Martin ၊ MBDA နဲ့ Babcock အပါ အဝင် ဗြိတိန်နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ လည်းပါဝင်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေပြီး လော်ဂျစ်စတစ်အပိုင်း ကမောက်ကမဖြစ်တဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အ ချိန်မှာ လိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေကို ကုမ္ပဏီတွေက အလျင်အမြန်ထောက်ပံ့နိုင်တဲ့စွမ်းရည်ကို စမ်းသပ် ဖို့အတွက် အခုလို ပါဝင်လာတာဖြစ်ပါတယ်။
စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေပါဝင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ “ထောက်ပံ့ရေးကွင်းဆက် ခံ နိုင်ရည်ရှိမှု” ကို ဖန်တီးခြင်းနဲ့ စစ်ရှိန်မြင့်လာတဲ့အပေါ်မူတည်ပြီး စစ်လက် နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တွေအနေနဲ့ အတွေးအခေါ် နည်းလမ်းသစ်တွေကို ဖန်တီးထုတ်လုပ်နိုင်အောင်ဆောင်ရွက်ရမှာ အထောက်အ ကူပြုသွားမှာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီးက ပြောပါတယ်။
၂၀၂၁ ခုနှစ်က ဗြိတိန်စစ်သည်တွေ အလားတူ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ပါဝင်ေ့လကျင့်ခဲ့ရာမှာ ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမပြီးခင်မှာပဲ ခဲယမ်းပြတ်သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အခု စစ်ရေးလေ့ကျင့်မှုမှာတော့ ယူကရိန်းစစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ အမြောက်ကျည်နဲ့ ဒရုန်း တွေအတွက် ထောက်ပံ့ရေးကွင်းဆက် (supply chains) ကို အဓိကအာရုံစိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေ အပတ်စဉ် ထောင်ပေါင်းများစွာအသုံးပြုတဲ့တွက် ထောက်ပံ့ထားတဲ့ပစ္စည်းတွေ အမြန် ကုန်ဆုံးသွားမှာကို ဗြိတိန်တပ်မတော်က ခန့်မှန်းတွက်ချက်ထားပါတယ်။
ဒီသဏ္ဍန်တူစစ်ရေးလေ့ကျင့်မှုဟာ စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်မှုနဲ့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို တိုက်ပွဲတွေ ပြင်းထန်လာဖို့ ခန့်မှန်းထားတဲ့ ရှေ့တန်းစစ်မြေပြင်ကို တင်ပို့ရာမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲ တွေကို ရှာဖွေဖော်ထုတ်သတ်မှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှုကနေ ထွက်ပေါ်လာတဲ့ တုံ့ပြန်မှုတွေက အနာဂတ်မှာဖြစ်ပွားလာနိုင်တဲ့ စစ်ပွဲတွေအတွက် အ နာဂတ်ဆုံးဖြတ်ချက်တွေနဲ့ မဟာဗျူဟာတွေ ချမှတ်ရေးဆွဲရာမှာ အထောက်ကူပြုသွားမှာဖြစ်ပါတယ်။
Ref: UK Military Simulates Full-Scale War with Constant Supply Chain Disruptions
#PeopleMedia