• Follow Us on
Latest News

Home ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆီဘောက်ဆာနှင့် Dyna တို့တိုက်မိပြီး ယာဉ် (၂) စီးလုံး လမ်းဘေးထိုးကျမှုဖြစ်ပွား

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆီဘောက်ဆာနှင့် Dyna တို့တိုက်မိပြီး ယာဉ် (၂) စီးလုံး လမ်းဘေးထိုးကျမှုဖြစ်ပွား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၅၉) ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက ဆီဘောက်ဆာ ယာဉ် (၁) စီးနှင့် Dyna ယာဉ် (၁) စီးတို့ တိုက်မိပြီး ယာဉ် (၂) စီးလုံး လမ်းဘေးသို့ ထိုးကျမှုဖြစ်ပွားကြောင်း မီးသတ် တပ်ဖွဲ့မှ သိရသည်။

 

ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းနှင့် ပဲခူးမြစ်လမ်း ထောင့်၊ (၅၉) ရပ်ကွက်တွင် ဆီဘောက်ဆာယာဉ် (၁)စီးနှင့် Dyna ယာဉ် (၁) စီးတို့ တိုက်မိကြောင်း သတင်း အရ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ Foam မီးသတ်ယာဉ် (၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီး သတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ Foam မီးသတ်ယာဉ် (၁) စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွား ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုတွင် ဆီဘောက်ဆာယာဉ် ပါဝင်နေသဖြင့် အဆိုပါယာဉ်အား မီးလောင်မှုမဖြစ်ပွားစေရန် အအေး ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post