ဒဂုံဆိပ်ကမ်းမြို့တွင် ကရိန်းကြိုးပျက်ကျ၍ ထိုကရိန်းအနီး ရပ်နေသည့် အမျိုးသားနှစ်ဦး သေဆုံး

PUBLISHED - January 24, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ မြတ်နိုးသူကွင်းတွင် ကရိန်းကြိုး ပျက်ကျ၍ ထိုကရိန်းအနီးရပ်နေသည့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မြတ်နိုးသူကွင်းတွင် မြေပြင်ပေါ်မှ တန် ၅၀ ကရိန်းဖြင့် သင်္ဘောပေါ်သို့ သံချောင်းများကို တင်ဆောင်နေစဉ်အတွင်း ကရိန်းပျက်ကျ၍ ထိုအနီးတွင်ရှိနေသည့် အမျိုး သားနှစ်ဦးအနက်တစ်ဦးမှာ သေဆုံးပြီး၊ တစ်ဦးမှာ ဒဏ်ရာရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ အကြင်နာကုသိုလ် ပြုလူမူကူညီရေးအဖွဲ့နှင့် သာကေတကွန်ယက်အဖွဲ့များပူးပေါင်းအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရ သည်။
ထိုအခင်းဖြစ်နေရာတွင် အသက် (၃၅) နှစ်အရွယ် ဦးမျိုးမြင့်အောင်မှာ အခင်းနေရာတွင် သေဆုံးပြီး၊ အသက် (၃၈) နှစ်အရွယ် ဦးမန်းကျော်မှာ ဒဏ်ရာအပြင်းအထန်ရရှိသောကြောင့် စံပြဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia