ဒဂုံတောင်တွင် အမျိုးသား ၄ ဦး တရုတ်စာတန်းပါ စီးကရက်ဗူးအတွင်းရှိ ဆေးလိပ်များအားသောက်မိရာမှ မူးမေ့သတိလစ်မှုဖြစ်ပွား
PUBLISHED - August 11, 2023
နေပြည်တော်၊ သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၄ ရပ်ကွက် နံသာမြိုင်လမ်းနှင့် နဝရတ် (၁) လမ်း ထောင့်ရှိ စည်ပင်အမှိုက်ကန်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမျိုးသား ၄ ဦး တရုတ်စာတန်းပါ စီးကရက်ဗူးအတွင်းရှိ ဆေးလိပ်များအား သောက်မိရာမှ မူးမေ့သတိလစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၄ ရပ်ကွက် နံသာမြိုင်လမ်းနှင့် နဝရတ် (၁) လမ်းထောင့်ရှိ စည်ပင်အမှိုက် ကန်တွင် မြိုတော်စည်ပင်သာယာရေးကော်မတီယာဉ် ဒဂုံတောင်မှ အမှိုက်လာသိမ်းကျသည့် YGN34 7/P 1939 အမှိုက်ကားပေါ်တွင် လိုက်ပါလာသည့် စည်ပင်ဝန်ထမ်းများဖြစ်သည့် ကျော်ဇင်သော်၊ အာကာကြီးနှင့် (စိစစ်ဆဲ)အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦးတို့သည် အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးအတွင်ရှိ ဆေးလိပ်များအား သောက်သုံးပြီး မူးမေ့သတိလစ်ချင်သလို ဖြစ်နေသဖြင့် ရှင်သန်ခွင့် လူနာတင်ယဉ်ဖြင့် မြောက်ဥက္ကာလာဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။
#PoepleMedia