• Follow Us on
Latest News

Home ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာစီမံကိန်းမှ တန်ဖိုးနည်းအခန်းများအား နေရေးအခက်အခဲရှိသော ဝင်ငွေနည်းပြည်သူများအားရောင်းချမည်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာစီမံကိန်းမှ တန်ဖိုးနည်းအခန်းများအား နေရေးအခက်အခဲရှိသော ဝင်ငွေနည်းပြည်သူများအားရောင်းချမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ ဆောက်လုပ်ပြီးစီးသော အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ဝင်ငွေနည်းပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရိုးမရိပ်သာအိမ်ခန်းရောင်းချရေးကော်မတီမှ ကြေညာထားသည်။

 

အိမ်ခန်းလျှောက်လွှာများအား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး မြေညီထပ်(Yangon City Gallery) တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်အထိ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို သတ်မှတ်ပုံစံအတိုင်းဖြည့်သွင်းပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၅ ရက် ရုံးချိန်အတွင်း ပြန်လည်တင်ပြရမည်ဖြစကြောင်း သိရသည်။

 

လျှောက်လွှာများစိစစ်ပြီးပါက အိမ်ခန်းနေရာရွေးချယ်ချထားခြင်း ဆောင်ရွက်ပြီး ဝယ်ယူခွင့်ရရှိသူများအား အသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း ရိုးမရိပ်သာအိမ်ခန်းရောင်းချရေးကော်မတီမှ သိရသည်။

 

#PeopleMedia


Share this post