• Follow Us on

Home ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှုများကျူးလွန်သည့်တရားခံ ၄ ဦးအား ရွှေထည်ပစ္စည်းများ၊ ငွေကြေး များနှင့်အတူ ဖမ်းဆီးရမိပြီးဖမ်းဆီးရန် ကျန်တရားခံတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှုများကျူးလွန်သည့်တရားခံ ၄ ဦးအား ရွှေထည်ပစ္စည်းများ၊ ငွေကြေး များနှင့်အတူ ဖမ်းဆီးရမိပြီးဖမ်းဆီးရန် ကျန်တရားခံတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေ

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှု ၃ မှုနှင့် ခိုးမှု(မသင်္ကာ) ၂ မှ ကျူးလွန်သူ တရားခံအမျိုးသား ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီး ဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး(၂)တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ(၃၁)မျိုး၊ မြန်မာကျပ်ငွေ (၈၁, ၈၀၅,၅၀၀) ကျပ်တန်ဘိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်းတန်ဘိုးငွေ (၁၅၉,၈၁၅,၉ဝဝ) ကျပ်ခန့်ခိုးယူခံထား ရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅၈)ရပ်ကွက်နေ ငရဲ(ခ)ထက်ဦး(၂၉)နှစ်အား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ ည ၆ နာရီခွဲတွင် လည်း ကောင်း၊ တစ်ရပ်ကွက်တည်းနေ ပြည့်စုံ(ခ)ကုလား(၂၉)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆) ရပ်ကွက်ရှိ SKY KTV တွင် ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီတွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ငရဲ(ခ)ထက်ဦးနှင့် ပြည့်စုံ(ခ)ကုလားတို့၏ ထွက်ဆိုချက်အရ သက်သေခံ ပစ္စည်းများအား ၎င်းတို့၏နေအိမ်အသီးသီးတွင် သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများနှင့် ၎င်းတို့၏ ခိုးရာပါသက်သေခံပစ္စည်းများအား ထုခွဲရောင်းချပေးသူ ဖမ်းဆီးရန်ကျန် တရားခံထွန်းထွန်းလင်း(စိစစ်ဆဲ)မှ ယူဆောင်ထွက်ပြေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဆက်လက်၍ ဖမ်းဆီးရမိတရားခံများအား အခြားပြစ်မှုများကျူးလွန်ထားရှိမှု ရှိ/မရှိ အသေးစိတ် ဆက်လက် စစ်ဆေးရာ တရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေး တို့ ၃ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အမှတ်(၇၈)ရပ်ကွက်၊ အိမ်အမှတ်(၆၄၀)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဘိုးငွေ(၁၉၇)သိန်းကျပ်အား ခိုးယူခဲ့ကြောင်း၊ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ချစ်ကို(ခ)လက်ပွားတို့ ၃ ဦးသည် သာကေတမြို့နယ်၊ (၆/အနောက်)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၁၉၃/ခ)မှ ရွှေထည်ပစ္စည်း မျိုးစုံ တန်ဘိုးငွေ(၉,၅၃၅,၃၀၀)ကျပ်အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြစ်မှုကျူးလွန်၍ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်ကြသည့် ဟိန်းထက်ဇော်(ခ)အသေးလေးနှင့် ချစ်ကို(ခ)လက်ပွားတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆ဝ)ရပ်ကွက်နေ ဟိန်းထက်ဇော်(ခ)အသေးလေး(၂၃)နှစ်နှင့် ဒလမြို့ နယ်၊ တံတားကျောင်းကျေးရွာနေ ချစ်ကို(ခ)လက်ပွား(၂၂) နှစ်တို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှု(၂)မှုမှသက်သေခံပစ္စည်း တန်ဘိုးငွေ (၂၆၁)သိန်းကျပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅ ကျပ်သား ၁၁ ပဲအား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလား၊ ချစ်ကို(ခ)လက်ပွားနှင့် ဟိန်းထက်ဇော် (ခ)အသေး လေးတို့ ၄ ဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ ၄ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ Vivo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း တစ်လုံးခိုးယူခဲ့ပြီး ဧပြီလအတွင်းတွင် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ(၃) လုံးခိုးယူခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ ၄ ဦးအား အမှုတစ်ခုချင်းစီအတွက် အမှုအသီးသီး ထပ်မံဖွင့်လှစ်ခဲ့သည်။

 

ဖြစ်စဉ်တွင် ခိုးမှု ၃ မှု၊ ခိုးမှု(မသင်္ကာ) ၂ မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီးအမှုများမှ ဖမ်းဆီးရမိ တရားခံငရဲ(ခ) ထက်ဦးပါ ၄ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်သေခံရွှေ ထည်ပစ္စည်း၊ ငွေကြေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်တရားခံထွန်းထွန်း လင်းအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post