• Follow Us on

Home ဒဂုံမြို့သစ်တောင်ပိုင်းတွင် သံချောင်းများတင်ဆောင်လာသည့် တွဲကားယာဉ်တိမ်းမှောက်၍ ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဒဂုံမြို့သစ်တောင်ပိုင်းတွင် သံချောင်းများတင်ဆောင်လာသည့် တွဲကားယာဉ်တိမ်းမှောက်၍ ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

ရန်ကုန်တိုင်းသေကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့(သစ်တောင်)၊ ရွာသာကြီးရပ်ကွက်၊ အမှတ်(၂) လမ်းမကြီး၊ သားသတ်ရုံရှေ့တွင် သံချောင်းများတင်ဆောင်လာသည့် တွဲကားယာဉ်မှာတိမ်းမှောက်၍ ယာဉ်မောင်းအမျိုး သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တွဲကားယာဉ်မှ ဂီယာဘောက်စ် လော့ကျ၍ တိမ်းမှောက်ပြီး ထိုလမ်းတွင် စက်ဘီးစီးလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ကို ဝင်တိုက်၍ လမ်းဘေးမြောင်းထဲသို့ ထိုယာဉ်မှာ ပြုတ်ကျပြီး ယာဉ်မောင်းအမျိုးသားမှာ ကားခေါင်းထဲ၌ ညှပ်၍ သေဆုံးသွားကြောင်း ထိုနေရာသို့ မြို့ခံလူမှုကူညီရေးအသင်းမှ သိရသည်။

 

ထိုယာဉ်တိုက်မူကြောင့် စက်ဘီးစီးနှင်လာသည့် အမျိုးသားမှာ ပေါင်ကျိုး၍ နံရိုးများကျိုးသွားသောကြောင်း၊ အမျိုးသမီးမှာ နဖူးနှင့် မျက်ခုံးတို့တွင် ဒဏ်ရာများရရှိသောကြောင့် မြို့ခံလူမှုကူညီရေးအသင်းမှ မြောက်ဥက္က လာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post