ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် တည်ဆဲနဂါးရုံဘုရားပြိုကျပြီး လူပိမိနေမှုဖြစ်ပွား
PUBLISHED - August 25, 2023
နေပြည်တော်၊ သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာရုံအနီးတွင် သြဂုတ်လ ၂၅ ရက်နေ့၊ ၁၀ နာရီခွဲအချိန်တွင် တည်ဆဲနဂါးရုံဘုရားပြိုကျပြီး လူပိမိနေမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်း၊ တိုးကြောင်ကလေးဘူတာရုံအနီး၊ ကျောင်းတိုက်ဝန်းအတွင်းရှိ တည်ဆဲ နဂါးရုံဘုရားပြိုကျမှုဖြစ်ပွားပြီး လူပိမိနေမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ဦးဆောင်သော အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ် စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#PeopleMedia