• Follow Us on
Latest News

Home ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် (၁၀) ပေပတ်လည်ရှိသည့် ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် (၁၀) ပေပတ်လည်ရှိသည့် ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၁၃) ရပ်ကွက်၊ ကေတုမတီလမ်းတွင် ( ၁၀) ပေပတ်လည်ရှိသည့် ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ယနေ့ဇန်နဝါရီလ ၁၀ ရက် နံနက် ၁၁ နာရီ ၃၀ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် ( ၂) စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ ဒဂုံမြို့သစ်( တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ နာကူ(ရန်ကုန်) သီးသန့်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးတို့ထွက်ခွာမီးငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ  ၄၀ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

 

“လူထိခိုက်မှုတော့ မဖြစ်ဘူး။ ၁၀ ပေ ပတ်လည်ရှိတဲ့ သွပ်မိုးထားတဲ့ ပျဉ်ထောင်အိမ်လောင်တာ” လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

 

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post