ဒဂုံမြောက်တွင် WISH ယာဉ်ပေါ်မှ ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
PUBLISHED - September 18, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် WISH မော်ယာဉ်ပေါ်မှ ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ ၁၄း၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်တွင် ငြိမ်းခန့်ကိုကို၊ ဇော်ထွန်း၊ မအေးဇာဖြူသင်း၊ မစန်းစန်းဦးနှင့် မအိရွှေစင်တို့အား WISH အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၀၀၀)နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ငြိမ်းခန့်ကိုကို(၃၇)နှစ်၊ ဇော်ထွန်း(၅၉)နှစ်၊ မအေးဇာဖြူသင်း (၄၃)နှစ်၊ မစန်းစန်းဦး (၅၃)နှစ်နှင့် မအိရွှေစင်(၃၆)နှစ်တို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia