ဒဂုံမြောက်ပိုင်းမြို့နယ် မြို့နယ်ထွေအုပ်၏ တိုင်တန်းချက်ကြောင့် YGN KTV ကို ဝင်ရောက်ဖမ်းဆီးရာ ၈၂ ဦး ဖမ်းမိ၊ ဆိုပျော်လုပ်သူ ကျား/မ ၈၁ ဦးကို အာမခံပေး၊ ဆိုင်မန်နေဂျာ အာမခံ မရရှိ
PUBLISHED - January 6, 2021
ရန်ကုန်၊ ဇန်နဝါရီ – ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
COVID-19 ကာလအတွင်း ဖွင့်လှစ်နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ဖွင့်လှစ်ထားသည့် YGN KTV ကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းအချိန်တွင် အရှေ့ပိုင်းခရိုင်အုပ်ချုပ် ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သောအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူး၏ တိုင်တန်းချက်အရ ဝင်ရောက်ဖမ်း ဆီးခဲ့သည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ဝန်ထမ်း ကျား(၁၇)ဦး၊ မ (၁၃) ဦး၊ လာရောက်စားသောက်သီဆိုနေသူ ကျား (၃၅)ဦး၊ မ (၁၆) ဦးတို့နှင့် မန်နေဂျာ လွတ်လပ်အောင်၊ စုစုပေါင်း ၈၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ဆိုင်မန်နေဂျာဖြစ်သူ လွတ်လပ်အောင်ကို ဒဂုံမြို့သစ်မြို့မရဲစခန်းမှ (ပ)၆/၂၀၂၁၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာပုဒ်မ ၂၅(က) ဖြင့် အရေးယူထားကြောင်းနှင့် ကျန်ရှိသူများကို ၃၉ (က)အရ ခံဝန် ဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia #KTV
(unicode)
…………………………………………………………………
Photo – Credit
#PeopleMedia #KTV