ဒစ်ဂျစ်တယ်ဗဟိုချက်မအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရေး AI ကျွမ်းကျင်သူတွေအတွက် အထူးဗီဇာ တစ်ရပ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံ စဉ်းစားနေ
PUBLISHED - March 26, 2024
နိုင်ငံတကာ၊ မတ် ၂၆
AI (ညဏ်ရည်တုနည်းပညာ) ကျွမ်းကျင်သူနိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့အတွက် စည်းရုံးရာ မှာ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဒစ်ဂျစ်တယ်ခရီးသွားတွေအတွက် အထူးဗီဇာတစ်ရပ် ထုတ်ပေးဖို့ ဝန်ကြီးဌာနအနေ နဲ့ ကြိုးပမ်းနေကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီးဌာန (DES) ဝန်ကြီး ပရာဆတ်ချမ်းသာ ရာရောင်းသောင်းက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ AI ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ကျွမ်းကျင်သူ ၁၀၀,၀၀၀ ဝန်းကျင်လိုအပ်နေပေမဲ့ လက်ရှိ နိုင်ငံတွင်း AI ကျွမ်းကျင်သူ ၂၁,၀၀၀ ဝန်းကျင်သာရှိကြောင်း ၎င်းက ပြောပါတယ်။
၂၀၂၄ ခုနှစ် AI တော်လှန်ရေးနဲ့ ထိုင်းစီးပွားရေးပြောင်းလဲခြင်း (AI Revolution 2024: Transforming Thailand’s Economy) လို့ နာမည်ပေးထားတဲ့ ကရောင်းသက်တူရကစ်ဂျ်သတင်းစာက တနင်္လာနေ့ (မတ်လ ၂၅ ရက်နေ့) က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဝန်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဒစ်ဂျစ်တယ်စွမ်းရည်ဗီဇာစီမံချက်ဆိုတဲ့ အစီအစဉ်အောက်မှာ AI ကျွမ်းကျင်သူတွေနဲ့ အဆင့်မြင့်ကွန်ပျူ တာကျွမ်းကျင်သူတွေအတွက် အထူးဗီဇာတစ်ရပ်ချမှတ်ပေးဖို့ ကြိုးပမ်းရာမှာ DES ဝန်ကြီးဌာနဟာ ရင်းနှီးမြှုပ်နှံ မှုဘုတ်အဖွဲ့ (BOI) နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။
BOI အဖွဲ့က အထူးဗီဇာအတွက် အသေးစိတ်တွက်ချက်ပြီးတာနဲ့ DES ဝန်ကြီးဌာနက ခွင့်ပြုချက်ရရှိဖို့ အစိုးရအ ဖွဲ့ထံ အမြန်ဆုံးတင်ပြသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
DES ဝန်ကြီးဌာနအနေနဲ့ ဥရောပသမဂ္ဂရဲ့ ဉာဏ်ရည်တုနည်းပညာအက်ဥပဒေကို လေ့လာပြီး ထိုင်းနိုင်ငံရဲ့ ဒစ် ဂျစ်တယ်စီးပွားရေးမြှင့်တင်ဖို့အတွက် AI ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အဲဒီဥပဒေရဲ့ လမ်းညွှန်ချက်တွေကို အသုံးပြုသွားမှာဖြစ်သလို ဒေသတွင်း ဒစ်ဂျစ်တယ်ဗဟိုချက်မဖြစ်လာအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အစိုးရအနေနဲ့ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဦးဆောင်တဲ့ အမျိုးသား AI ကော်မတီလက်အောက်မှာ ကော်မ တီခွဲတစ်ခုကိုလည်း တည်ထောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းအချက်အလက်စင်တာ၊ cloud စင်တာ၊ စွမ်းဆောင်ရည်မြင့်ကွန်ပျူတာတွေကို တည်ထောင်ခြင်းအပါအ ဝင် AI အခြေခံအဆောက်အဦတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းနိုင်ငံအနေနဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်း ဆောင် ရွက်မှုဆိုင်ရာစီမံချက်တစ်ရပ်ရှိဖို့အတွက် အဲဒီကော်မတီခွဲဟာ AI မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ တာဝန်ခံအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံက AI လုပ်ငန်းဟာ အဆင့်မြင့်နည်းပညာရေးဆွဲထုတ်လုပ်ရေးနဲ့ ထိုင်းဘာသာစကားပေါ်အခြေခံတဲ့ ဘာသာစကားစံတစ်ခုကို ရေးဆွဲရေး အဓိကအာရုံစိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Ref: Thailand eyes special visas for digital nomads to fulfil its digital hub dreams
#PeopleMedia