ဒဏ်ရာရစစ်သည်တွေကို သယ်ဆောင်ဖို့အတွက် ယူကရိန်းက ဒရုန်းအကြီးစားတွေ အသုံးပြုနေ
PUBLISHED - August 9, 2023
နိုင်ငံတကာ၊ သြဂုတ် ၉
စစ်မြေပြင်က ဒဏ်ရာရထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ဘေးကင်းလုံခြုံရာကိုပို့ဆောင်ဖို့အတွက် ယူက ရိန်း စစ်တပ်က ဒရုန်းအကြီးစားတွေကို အသုံးပြုနေရကြောင်း The Economist စာစောင်မှာ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့နှစ် ရုရှားကျူးကျော်တိုက်ခိုက်မှုတွေစတင်ကတည်းက ယူကရိန်းတပ်ဖွဲ့တွေဟာ တောက်လျှောက် တိုက်ပွဲဝင်နေကြရပြီး ရုရှားတပ်တွေရဲ့ ပုံမှန်အမြောက်ပစ်ခတ်မှုတွေကြောင့် စစ်မြေပြင်က ဒဏ်ရာရ စစ်သည်တွေကို ဘေးကင်းလုံခြုံရာသယ်ဆောင်သွားနိုင်ဖို့အတွက် အခက်တွေ့နေခဲ့ကြရပါတယ်။
ယူကရိန်းစစ်ဘက်က ၃၉၇ ပေါင်အထိ သယ်ဆောင်နိုင်ပြီး ၄၃ မိုင်အထိ သွားနိုင်တဲ့ မောင်းသူမဲ့လေယာဉ် အ ကြီးသားတွေကို ထိရောက်စွာအသုံးပြုခဲ့ကြောင်း The Economist က ပြောပါတယ်။
အဲဒီလောက်အကွာအဝေးကို မောင်းနှင်သွားလာနိုင်တယ်ဆိုရင် ရှေ့တန်းက ဒဏ်ရာရလူနာစစ်သည် တွေကို သယ်ဆောင်ပြီး ဆေးဝါးကုသမှုခံယူဖို့အတွက် ဘေးကင်းလုံခြုံရာကို သယ်ယူပို့ဆောင်ပေးဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။
ဆေးဝါးကုသပေးနိုင်ရေးအတွက် ဒဏ်ရာရစစ်သည်တွေကို ဒရုန်းတွေနဲ့ သယ်ဆောင်နိုင်တယ်ဆိုပေမဲ့ အဲဒီ ဒရုန်းတွေဟာ ရဟတ်ယာဉ်တွေလိုပဲ ရန်သူ့ခေတ်မီလက်နက်တွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်လို့ မင်နီ ဆိုတာကောလိပ်က စစ်မြေပြင်ဆေးဝါးကုသရေးကျွမ်းကျင်သူ တာနီရှာဖာဇယ်က ပြောပါတယ်။
ယူကရိန်းဒဏ်ရာရစစ်သည်တွေကို သယ်ဆောင်ဖို့ ဘယ်လိုဒရုန်းတွေကို အသုံးပြုနေတယ်၊ ဒဏ်ရာရ စစ်သည်တွေအတွက် အဲဒီဒရုန်းတွေကို ဘယ်နှကြိမ်အသုံးပြုပြီးပြီဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ The Economist က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ရုရှား-ယူကရိန်း စစ်ပွဲ စတင်ဖြစ်ပွားကတည်းက ဒီကနေ့အချိန်အထိ ယူကရိန်းတပ်ဖွဲ့ဝင် ၁၁၃,၅၀၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အခုနှစ်အစောပိုင်းက ရိုက်တာသတင်းဌာနက ပြောပါတယ်။
ဒီလိုပဲ ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်တင်ခဲ့တဲ့အတွက် ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၈၀,၀၀၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရယူကရိန်းတပ်ဖွဲ့ဝင်တွေကို ယူကရိန်းအနောက်ပိုင်းက စစ်မြေပြင်ဆေးရုံတွေမှာ ကုသပေးနေ သလို အနားမှာရှိတဲ့ မဟာမိတ်နိုင်ငံတွေကိုလည်း ရထားနဲ့ ပို့ဆောင်ပေးခဲ့တယ်လု့ိ ဆိုပါတယ်။ ဒဏ်ရာရ တပ်ဖွ့ဲဝင်တွေကို ယူကရိန်းစစ်တပ်က ဒရုန်းအကြီးစားတွေအသုံးပြုပြီး သယ်ယူပို့ဆောင်ပေးနေတာ ဟာ ယူကရိန်းနိုင်ငံက မျက်မှောက်ခေတ်စစ်ပွဲမှာ ခေတ်သစ်နည်းပညာတွေကို အသုံးပြုနေတာကို ထင်ဟပ် ပေါ်လွင်စေပါတယ်။
စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ရနိုင်တဲ့နည်းလမ်းတွေကို အသုံး ပြုဖန်တီးထားတဲ့လက်နက်တွေနဲ့လည်း ပြန်လည်ခုခံကာကွယ်ခဲ့ပါတယ်။
မေလအတွင်းက ယူကရိန်းစစ်တပ်ဟာ ရုရှားတင့်ကားတွေနဲ့ ကတုတ်ကျင်းတွေကို တိုက်ခိုက်နိုင်ဖို့အတွက် ဒေါ်လာ ၃၀၀ သာပေးရတဲ့ အရပ်ဘက်ဒရုန်းတွေကို စစ်သုံးဒရုန်းဖြစ်လာအောင် အသွင်ပြောင်းဖန်တီးခဲ့ကြ တယ်လို့ ဆိုပါတယ်။
Ref: Ukraine Using Drones to Evacuate Wounded Soldiers: Report
#PeopleMedia