ဒဏ်ရာရပြီး ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားများ ၆ ရက်ကြာ အပန်းဖြေခရီး သွားရောက်
PUBLISHED - September 25, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၅
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက် ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူ အပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာ ကမ်းခြေသို့ စက်တင် ဘာ ၁၉ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ အပန်းဖြေခရီးသွားရောက်ခဲ့ကြသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေရှိ ချောင်းသာ အပန်းဖြေဧည့်ရိပ်သာမှ ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နွေး ထွေးစွာကြိုဆိုခဲ့ကြသည်။
ထိုသို့ စက်တင်ဘာ ၁၉ ရက်မှ ယနေ့အထိ ၆ ရက်ကြာ အနားယူအပန်းဖြေခရီး သွားရောက်ခဲ့ကြသည့် တပ်မ တော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေး လေ့ ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများ ဆောင်ရွက် ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ပုသိမ်မြို့ရှိ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး၊ လောကနန္ဒာ စေတီနှင့် ဆုတောင်းပြည့်အောင်စကြာ နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီး၊ ချောင်းသာမြို့ရှိ သဲဖြူကျွန်းရေလယ်ဘုရား၊ ဆုတောင်းပြည့် ဇမ္ဗူပတိ ရုပ်ပွားတော်၊ ဒီပါအေးမြမဟာ နဂါးရုံဘုရားနှင့် အနန္တဇိနလောကမာန်အောင် စေတီတော်မြတ်ကြီးတို့အား ဖူးမြော်ကြည်ညို ခြင်း၊ ချောင်းသာမြို့ စကား ဝါတောင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်သို့ အလှူငွေများ လှူဒါန်းခြင်း၊ ချောင်းသာမြို့၏ ဒေသအစားအစာဖြစ်သည့် သရက်တော ထိုးမုန့်လုပ်ငန်းနှင့် ရွှေသာယာမြို့မဈေး၊ ကျောက် မောင်နှမကမ်းခြေ၊ ရွှေသောင်ယံမြို့ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်သားပန်း ပုပြတိုက်၊ ဒီရေ တောတံတား၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်း သမိုင်းပြခန်း၊ ရွှေမြင်းပျံပုသိမ် ဟာလဝါ လုပ်ငန်းနှင့် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရ နေရာများသို့လည်း သွားရောက်လေ့လာခဲ့ကြသည်။
အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တန်ခိုးကြီး ဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
#PeopleMedia