ဒဏ်ရာရ အစ္စရေးစစ်သည်များ ဝန်ကြီးချုပ်နတန်ယာဟုနဲ့ တွေ့ဆုံဖို့ ငြင်းဆို

PUBLISHED - December 28, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈
ဂါဇာကမ်းမြောင်ဒေသ မြေပြင်ထိုးစစ်မှာ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) က ဒဏ်ရာရလာတဲ့ အစ္စရေးတပ် ဖွဲ့ဝင်တွေက ဂျေရုဆလမ်မြို့ကဆေးရုံမှာ ဆေးဝါးကုသနေစဉ် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟု လာ ရောက်ကြည့်ရှုမှာကို ငြင်းပယ်လိုက်ကြောင်း အစ္စရေးနိုင်ငံ Channel 13 မီဒီယာက ပြောကြားလိုက်ပါတယ်။
အငြင်းပွားဖွယ်ရာအစ္စရေးခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ဒဏ်ရာရစစ်သည်တွေကငြင်းဆိုခဲ့တာဟာ အခုအကြိမ်ဟာ ပထမ အကြိမ်မဟုတ်ဘဲ လွန်ခဲ့တဲ့သီတင်းပတ်က တဲလ်လာဗီစ်မြို့က ဆေးရုံတစ်ရုံမှာလည်း ဒဏ်ရာရအစ္စရေး စစ်သည်တွေက ဝန်ကြီးချုပ်ကိုတွေ့ဆုံဖို့ အခုလိုပဲ ငြင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျွန်တော် ဟာဒါဆာ့ရှ်ဆေးရုံမှာ ရောက်နေတာပါ။ ကျွန်တော့်ကို နတန်ယာဟုနဲ့ တွေ့ချင်သလားလို့ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးက မေးပါတယ်။ ကျွန်တော် မတွေ့ချင်ဘူးလို့ ပြောလိုက်တယ်။” လို့ အစ္စရေးတပ်ဖွဲ့ဝင် အော် ရှနီးဘာက ပြန်လည်ပြောဆိုခဲ့တာကို X လူမှုကွန်ရက်ပေါ်မှာ တင်ထားပါတယ်။
ဒဏ်ရာရစစ်သည် ၁၈ ဦးရှိတဲ့အနက် ၁၅ ဦးက ဝန်ကြီးချုပ်နဲ့ မတွေ့ချင်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း Channel 13 မီဒီယာက ပြောပါတယ်။
“ကျွန်တော် နတန်ယာဟုခေါင်းဆောင်တဲ့ လီကွတ်ပါတီရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဂျေရုဆလမ်မှာ နေထို်င်တဲ့ သူပါ။ လီကွတ်ပါတီအဆုံးသတ်ရမယ့်အချိန်ရောက်နေပြီဆိုတာ အားလုံးအသိပါပဲ။” လို့ အဲဒီစစ်သည်က ဖြည့် စွက်ပြောပါတယ်။
စစ်သည်တွေရဲ့ ပြောကြားချက်တွေထွက်ပေါ်လာခဲ့ပေမဲ့ ဆေးရုံကတော့ မှတ်ချက်ပြုပြောဆိုဖို့ ငြင်းပယ်ခဲ့ပါ တယ်။
“နတန်ယာဟု ၎င်းကိုလက်ခံတွေ့ဆုံတဲ့ ဒဏ်ရာရစစ်သည်တွေကြားထဲမှာ ဖြတ်သန်းလျှောက်သွားခဲ့ပြီး အဲဒီဒဏ် ရာရစစ်သည်တွေကို အားပေးခဲ့ပါတယ်။ အစ္စရေးနိုင်ငံဟာ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း နတန်ယာဟုက အဲဒီဒဏ်ရာရစစ်သည်တွေကို ကတိပေးခဲ့ပါတယ်။” လို့ Channel 13 မီဒီယာက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က တဲလ်လာဗီစ်မြို့အနီး တဲလ်ဟာရှိုမာရှိတ ရှီဘာဆေးရုံကို နတန်ယာဟုသွားရောက် ကြည့်ရှုစဉ် ဒဏ်ရာရစစ်သည်အများအပြားက ၎င်းနဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ ပါလက်စတိုင်းနယ်မြေထဲက မြေပြင်ထိုးစစ် တိုက်ပွဲတွေကြားမှာ အစ္စရေးတပ်ဖွဲ့ဝင် ၁၆၄ ဦး သေဆုံးခဲ့ပြီး ၈၇၄ ဦး ဒဏ်ရာရခဲ့ရာမှာ ၃၂၉ ဦး ဒဏ်ရာပြင်းထန်ကြောင်း အစ္စရေး ကြည်းတပ်က ပြောပါတယ်။
အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့ အငိုက်ဖမ်း တိုက်ခိုက်မှုဖြစ်စဉ်မှာ လုံခြုံရေးကျိုးပေါက်မှုနဲ့ပတ်သက်ပြီး နတန်ယာဟုအစိုးရဟာ ပြင်းပြင်းထန်ထန် အဝေဖန် ခံနေရပါတယ်။
Ref: Israeli soldiers injured in Gaza refuse to meet with Netanyahu: Israeli media
#PeopleMedia