• Follow Us on
Latest News

Home ဒရုန်းစစ်ဆင်ရေးအတွက် သီးခြားဒရုန်းတပ်ဖွဲ့ ယူကရိန်းနိုင်ငံ ဖွဲ့စည်းတည်ထောင်မည်

ဒရုန်းစစ်ဆင်ရေးအတွက် သီးခြားဒရုန်းတပ်ဖွဲ့ ယူကရိန်းနိုင်ငံ ဖွဲ့စည်းတည်ထောင်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈

 

ဒရုန်းစစ်ဆင်ရေးအတွက် သီးခြားဒရုန်းတပ်ဖွဲ့တစ်ခုတည်ထောင်ဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီ လန်စကီးက ယူကရိန်းတပ်မတော်ကို အမိန့်ပေးလိုက်ပါတယ်။

 

ယူကရိန်းတပ်မတော်မှာ ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ အသေးစိတ်တွက်ချက်ဖို့အတွက် အစိုးရအဖွဲ့နဲ့ စစ်ဦးစီးဌာနကို ၎င်းအနေနဲ့ ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း မကြာသေးခင်က ညနေပိုင်းထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းထဲမှာ ဇီလန်စကီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်တို့ တပ်မတော်မှာ သီးခြားဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ အမိန့်တစ်ရပ်ကို မကြာသေးခင် ကပဲ ကျွန်တော်လက်မှတ်ရေးထိုးခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိဆောင်ရွက်နေတဲ့ ကြည်း/ရေ/လေ စစ်ဆင်ရေးအားလုံးမှာ မောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ပွဲအောင် မြင်မှုတွေကို တွေ့လာရပြီးနောက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

ရုရှားတွေရဲ့ တိုက်ခိုက်မှုကို ထိထိရောက်ရောက် ပြန်လည်ခုံခံတိုက်ခိုက်နိုင်ခြင်းနဲ့ ပင်လယ်နက်ထဲမှာ အင်အား ချိန်ခွင်လျှာအပြောင်းအလဲဖြစ်လာအောင် ဆောင်ရွက်နိုင်ခြင်းတို့အတွက် စစ်မြေပြင်မှာ ဒရုန်းတွေစွမ်းဆောင် နိုင်ခဲ့တဲ့အခန်းကဏ္ဍကို ဇီလန်စကီးက အသိအမှတ်ပြုချီးကျူးပြောဆိုခဲ့ပါတယ်။

 

“ရန်သူ့တပ်ဖွဲ့ဝင်အများအပြားနဲ့ သူတို့ရဲ့စစ်လက်နက်ပစ္စည်းတွေ အမြောက်အမြားကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့တာဟာလည်း ဒရုန်းတွေရဲ့အစွမ်းကြောင့်ပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

အခုထုတ်ပြန်လိုက်တဲ့အမိန့်အရ အစိုးရအဖွဲ့နဲ့ ယူကရိန်းတပ်မတော်စစ်ဦးစီးအဖွဲ့ဟာ ၎င်းတို့လေ့လာထားတဲ့ တွေ့ရှိချက်တွေကို မူဝါဒချမှတ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကို စာနဲ့ ရေး သားတင်ပြသွားရမှာဖြစ်ပါတယ်။

 

ဒရုန်းတပ်ဖွဲ့စတင်တည်ထောင်တာနဲ့ အဲဒီတပ်ဖွဲ့ဟာ ဒရုန်းတွေတိုးမြှင့်ထုတ်လုပ်ရေး၊ ဒရုန်းအသုံးပြုရေးအတွက် စနစ်တကျစီစဉ်ဖွဲ့စည်းရေးနဲ့ ဒရုန်းစစ်သည်တွေကို သင်တန်းတွေ တိုးမြှင့်ပေးအပ်ရေးတို့ပါဝင်တဲ့ အလုပ်တွေကို အဓိကအာရုံစိုက်ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။

 

အဲဒီတပ်ဖွဲ့ဟာ အထူးသီးသန့်ဒရုန်းတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ အနာဂတ်ကာလ ဒရုန်းစစ်ဆင်ရေးအတွက် တီထွင် ဖန်တီးမှုအသစ်တွေပြုလုပ်နိုင်မယ့် အတော်ဆုံးအင်ဂျင်နီယာတွေကို ဆွဲဆောင်ခေါ်ယူနိုင်ရေးအတွက် တာဝန် ယူဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်။

 

သမ္မတဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းတပ်မတော်ရဲ့ နည်းပညာနဲ့ တီထွင်ဖန်တီးနိုင်စွမ်း ဖွံ့ဖြိုးတိုး တက်မှုဆောင်ရွက်ရာမှာ ယူကရိန်းဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မီခို်င်လိုဖက်ဒရော့ဗ်အတွက် အင်အား ပြင်းတဲ့ တွန်းအားတစ်ရပ်ဖြစ်ပါတယ်။

 

မောင်းသူမဲ့လေယာဉ်တွေဟာ စစ်မြေပြင်က အခြေအနေတွေကို အမှန်တကယ် ထိထိရောက်ရောက် ပြောင်းလဲ ခဲ့ကြောင်း မီခို်င်လိုဖက်ဒရော့ဗ်က ပြောပါတယ်။ ဒရုန်းစစ်ဆင်ရေးအတွက်ရည်စူးပြီး သီးခြားဒရုန်းတပ်ဖွဲ့တစ်ခု တည်ထောင်ရေးဟာ လက်ရှိအချိန်မှာ တပ်မ တော်တွေမှာ မြင်တွေ့ရခဲတဲ့ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။

 

တိုက်ခိုက်ရေးဒရုန်းပေါင်း မြောက်များစွာပိုင်ဆိုင်ထားတဲ့ အမေရိကန်တပ်မတော်အနေနဲ့ မောင်းသူမဲ့လေယာဉ် ကိုင်တွယ်တဲ့တပ်ဖွဲ့ဝင်တွေကို တပ်ဖွဲ့အသီးသီးမှာ ဖြန့်ခွဲတာဝန်ချထားတဲ့အတွက် သီးခြားဒရုန်းတပ်ဖွဲ့တစ်ခု တည်ထောင်ထားခြင်း မရှိပါဘူူး။

 

ကမ္ဘာပေါ်က တခြားဘယ်နိုင်ငံမှာမှ သီးခြားဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ထားတာ မကြားဖူးသေး ကြောင်း ဝါရှင်တန်အခြေစိုက် Brookings Institution က ဒရုန်းစစ်ဆင်ရေးကျွမ်းကျင်သူ ဘရုစ်ရီးဒယ်လ်က ပြောပါတယ်။

 

“ကျွန်တော်တော့ မကြားဖူးသေးဘူး။ ဒါ ပထမဦးဆုံးအကြိမ် ကြားဖူးတာပါပဲ။ အစ္စရေးဟာ ဒရုန်းစစ်ဆင်ရေးကို ပထမဦးဆုံး စတင်ထိတွေ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးတွေမှာ သီးခြားဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းထားတာမရှိပါ ဘူး။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Ukraine to Create Military Branch for Drone Warfare

 

#PeopleMedia


Share this post