• Follow Us on
Latest News

Home ဒရုန်းတန်ပြန်တိုက်ဖျက်ရေးလက်နက်စနစ် BAE ကုမ္ပဏီစမ်းသပ်

ဒရုန်းတန်ပြန်တိုက်ဖျက်ရေးလက်နက်စနစ် BAE ကုမ္ပဏီစမ်းသပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

 

ဗြိတိန်စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ BAE Systems ဟာ ဘက်စုံသုံးသံချပ်ကာယာဉ် (AMPV) မူ ကွဲတစ်မျိုးဖြစ်တဲ့ မောင်းသူမဲ့လေယာဉ်တန်ပြန်တိုက်ဖျက်ရေးလက်နက်စနစ် (C-UAS) ကို မကြာသေးခင်ကပဲ စမ်းသပ်ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

Moog ကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ အဲဒီလက်နက်စနစ်ဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ကျည်စစ်ကျည် မှန်နဲ့ စမ်းသပ်ပစ်ခတ်မှုမှာ ဝေဟင်/မြေပြင်ရှိ ရပ်တည်ပစ်မှတ်နဲ့ ရွေ့လျားပစ်မှတ်တွေကို စုံစမ်းခြင်း၊ ခြေရာခံ ခြင်း၊ ပစ်မှတ်ခွဲခြားဖော်ထုတ်ခြင်းနဲ့ ပစ်ခတ်ခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ BAE Systems က ပြောပါတယ်။

 

“စမ်းသပ်ပစ်ခတ်မှုမှာ ဆုံလည်ပုံပေါ်မှာတပ်ဆင်ထားတဲ့ လက်နက်စနစ်က မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်နိုင်ခဲ့ သလို ရေဒါကင်မရာတပ်ဆင်ထားတဲ့လက်နက်စနစ်ဟာ ရပ်တည်ပစ်မှတ်တွေကိုရော လှုပ်ရှားနေတဲ့ဒရုန်း အ ငယ်စားတွေကိုရော ၃၀ မမ ကျည်တွေအသုံးပြုပြီး ပစ်ခတ်နိုင်ခဲ့ပါတယ်။” လို့ ကုမ္ပဏီက ပြောပါတယ်။

 

အဲဒီ ဘက်စုံသုံးသံချပ်ကာယာဉ် (AMPV) ယာဉ်ဟာ အစောပိုင်းကာလမူကွဲသံချပ်ကာယာဉ်တွေရဲ့ အောက်ခံ ကိုယ်ထည်နဲ့ External Mission Equipment Package (ExMEP) ထိပ်ပိုင်းသံမဏိပြားတွေကို အသုံးပြုပြီး နည်းပညာအဆင့်မြှင်တင်တည်ဆောက်ထားတာလို့ ဆိုပါတယ်။ ExMEP ဟာ အမေရိကန်ကြည်းတပ်ရဲ့ တာတိုပစ်ကြောင်းရန်ကာကွယ်ရေးဒုံးကျည်ဆုံလည်ကို ပုံစံယူထုတ် လုပ်ထားတာဖြစ်ပါတယ်။

 

“အစောဆုံးကာလက ထုတ်လုပ်ခဲ့တဲ့ ဘက်စုံသုံးသံချပ်ကာယာဉ် (AMPV) စီမံချက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တွေကတစ်ဆင့် ပိုမိုအဆင့်မြင့်တဲ့ လက်နက်စနစ်တပ်ဆင်ထားတဲ့သံချပ်ကာထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာ မျိုးစုံပေါင်းစပ်ထားပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ ခေတ်မီလက်နက်စနစ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းရေး ဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။” လို့ BAE Systems ရဲ့ စီမံချက်ညွှန်ကြားရေးမှူး ဘီလ်ရှီးဟီက ပြောပါတယ်။

 

ExMEP ကို Moog ကုမ္ပဏီကထုတ်လုပ်တဲ့ ဆုံလည်စနစ်မှာ ပေါင်းစပ်တပ်ဆင်ထားပြီး လေကြောင်းရန်ကာ ကွယ်ရေး၊ တင့်/သံချပ်ကာတိုက်ခိုက်ရေးနဲ့ စစ်ဆင်ရေးမျိုးစုံကို ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။

 

နောက်ထပ်ပေါင်းစပ်တပ်ဆင်ထားတဲ့လက်နက်စနစ်တွေကတော့ ကွပ်ကဲကြီးကြပ်ရေးစနစ်နဲ့ ဆက်သွယ်ထား တဲ့ Leonardo ကုမ္ပဏီထုတ် DRS’ Multi-Mission Hemispheric ရေဒါနဲ့ Northrop Grumman ကုမ္ပဏီထုတ် XM914 ၃၀ မမ စက်အမြောက်တို့ပဲဖြစ်ပါတယ်။

 

အမေရိကန်ကြည်းတပ်ဟာ ဘက်စုံသုံးမူကွဲယာဉ်၊ ဆေးဝါးကုသရေးယာဉ်၊ ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းသယ် ယူရေးယာဉ်၊ စစ်ဆင်ရေးကွပ်ကွဲမှုယာဉ်နဲ့ စိန်ပြောင်းသယ်ယာဉ်တို့ပါဝင်တဲ့ ဘက်စုံသုံးသံချပ်ကာယာဉ် (AMPV) မူကွဲ ငါးမျိုးကို သံချပ်ကာတပ်မအတွက် ၂၀၂၃ ခုနှစ်က BAE Systems ထံ မှာယူခဲ့ပါတယ်။

 

Ref: BAE Tests Counter-Drone Variant of Armored Multi-Purpose Vehicle

 

#PeopleMedia


Share this post